တခေတ်တခါက မိန်းကလေးပရိတ်သတ်တွေကြား ရေပန်းစားခဲ့တဲ့ ဖေဖေ ညိုလင်းထက်ကို မွေးနေ့ဆုတောင်း ပေးလာခဲ့တဲ့ သားကြီး ဟန်ဘုန်းထက်

တချိန်က သီချင်းဗီစီဒီတွေနဲ့ ကြော်ငြာတွေမှာ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် ညိုလင်းထက်ကို ပရိတ်သတ်ကြီးအားလုံး မှတ်မိကြဦးမယ် ထင်ပါတယ်။ ညိုလင်းထက်ဟာ သူနဲ့ အနုပညာလောကထဲမှာ အတူတူ

ကျင်လည်နေသူလေး ဖြစ်တဲ့ သရုပ်ဆောင် သူရီလင်းသစ်နဲ့ လက်ထပ်ခဲ့ပြီးနောက် သရုပ်ဆောင်အလုပ်ကို စွန့်လွှတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ညိုလင်းထက်နဲ့ သူရီလင်းသစ်တို့ရဲ့ သားကြီး ဟန်ဘုန်းထက်ဟာလည်း မိဘတွေရဲ့

အနုပညာအမွေတွေကို လက်ဆင့်ကမ်းရရှိခဲ့ပြီး အခုဆိုရင် သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ စတင်ကြိုးစားနေပြီပဲ ဖြစ်ပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ (၁၂) ရက်နေ့ကတော့ သရုပ်ဆောင်ဟောင်း ညိုလင်းထက်ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။

ညိုလင်းထက်ရဲ့ မွေးနေ့အတွက် သူ့ရဲ့သားကြီး ဖြစ်တဲ့ တက်သစ်စသရုပ်ဆောင် ဟန်ဘုန်းထက်က “Father.. Happy Birthday 🎉🎂” ဆိုပြီး သူတို့သားအဖတွေရဲ့ ငယ်စဉ်က အမှတ်တရပုံလေးနဲ့ ရိုးရိုးရှင်းရှင်းလေး မွေးနေ့ဆုတောင်း

ပေးလာခဲ့ပါတယ်။ ညိုလင်းထက်ကတော့ တချိန်က မိန်းကလေးပရိတ်သတ်တွေကြား ရေပန်းစားခဲ့သလို သူ့ရဲ့မျိုးဆက် ဟန်ဘုန်းထက်ကလည်း လက်ရှိ မမတွေကြား အပြောများနေတဲ့ ဆယ်ကျော်သက်လေးတစ်ယောက်ပါပဲ။

ပရိတ်သတ်ကြီးကလည်း ညိုလင်းထက်ကို အားပေးသလို သူ့ရဲ့သား ဟန်ဘုန်းထက်ကိုလည်း အားပေးကြပါဦးလို့ တောင်းဆိုလိုက်ပါတယ်နော်။