(၃၀) ကျော် အရွယ်ဆိုတာ တကယ်တော့ အရိုးတွေ နူးပြီးမြည့်နေတဲ့ ငါးသလောက်ပေါင်းလိုပဲ အရမ်းမိုက်နေပြီ။ တနည်းအားဖြင့် ရေနံချေးတွေ ဝနေတဲ့ အိမ်တိုင်ကြီးတွေလိုပဲပေါ့။ ခန့်ခန့်ကြီးတွေပါ။ ဒီမယ် (၃၀) ကျော်အရွယ်ဆိုတာက ဒူးရင်းသီးလို ဆိုရင် ဘယ်အလုံးကို ခွဲခွဲ လှည့်ကြည့်နေစရာကို မလိုဘူး။ ဝါဝင်းချိုမွှေးပြီး အိစက်နေပြီသား။ မှတ်ထား… 😏😏
ဒညင်းသီးကိုသာ အရွယ်တွေနဲ့ တင်စားရမယ် ဆိုရင်လေ (၃၀) ကျော် အရွယ်ဆိုတာက ဆားရေစိမ်လည်း မဟုတ်ဘူး။ ဒညင်းခွက်လည်း မဟုတ်ဘူး။ ဒညင်းသီးပြုတ်လည်း မဟုတ်ဘူး။ ဒညင်းသီးအုန်းနို့ဆမ်းဗျ။ ပေါက်လား… ပတ်သက်မိတဲ့သူကို တခါတည်း
ရီဝေမှိန်းမောပြီး ပျော်ဝင်သွားစေတယ်။ ဇာတ်ကားတစ်ကားမှာ မင်းသားနဲ့ မင်းသမီး (……) အခန်း တနည်းအားဖြင့် ရုပ်ရှင်တစ်ကားလုံးရဲ့ tempo အမြင့်ဆုံး အခန်းဆိုတာ (၃၀) ကျော်တွေရဲ့အရွယ်လိုပဲဗျ နော်။ ရစ်ချင်စရာ ကျော်ချင်စရာ တစ်ကွက်မရှိဘူးရယ်။ ဆလိုးမိုးရှင်းနဲ့တောင် ကြည့်သင့်တယ်။ 😛😛
အေး… (၃၀) ကျော် အရွယ်တွေကိုသာ ဘောလုံးကန်ခိုင်းမယ်ဆိုရင်လေ သူတို့ဝတ်ရမယ့် ကျောနံပါတ်ဟာ (၁၀) ပဲ။ တစ်ကွင်းလုံးမှာ အရေးအကြီးဆုံးကောင်ပါ။ လူသားမျိုးနွယ်စုဟာ ကြေးအိုးတစ်ပွဲ ဖြစ်ခဲ့မယ်ဆိုရင် (၃၀) ကျော်အရွယ်ဆိုတာ သူတို့အလယ်က ငုံးဥပဲ။ 😁😁
(၅၄) ချပ်စီပါတဲ့ ဖဲ (၂) ထုပ်ကိုပေါင်းပြီး ပိုကာဒေါင်းကြတဲ့အခါ (၄) ချပ်တည်း ပါလာမယ့် ဂျိုကာတွေဟာ အခြားမဟုတ်ဘူး (၃၀) ကျော်အရွယ်တွေပဲ။ လူတိုင်းမရဘူးနော်.. ကံကြမ္မာက မျက်စပစ်ပြတဲ့ကောင်မှရမယ်။ အဟက်… 😁😁
ဂျော်နီဝေါ်ကာအရက်ပုလင်းတွေကို စီထားပြီး (၃၀) ကျော်အရွယ်တွေ သောက်သင့်တဲ့အရက်ကို ရွေးပေးပါဆိုရင် Bartender က ရွေးပေးလိမ့်မယ်။ Blue Label ပုလင်းကြီးကိုပဲ။ ကုန်ကုန်ပြောမယ်ဗျာ။ တကယ်တော့ (၃၀) ကျော်အရွယ်ဆိုတာ….
“လက်ဖက်သုပ်ပန်းကန်ထဲက ရွှေပုဇွန်ခြောက်”
“လုံးချင်းတိုက်တစ်လုံးရဲ့ master bedroom”
“ပြက္ခဒိန်ရဲ့နေ့ရက်တွေထဲက စနေ တနင်္ဂနွေ”
“လူတစ်ယောက်ရဲ့မျက်နှာပြင်ပေါ်က ပါးချိုင့် ”
“ဝက်သားဒုတ်ထိုးဗန်းထဲက နို့အုံသား”
“ရွာဦးကျောင်း ကျက်သရေခန်းထဲက ရွှေငှက်ပျောသီး” နော်…
“တစ်ပြားသားမှ မလျှော့ဘူး ယုံလိုက်”😜
Be the first to comment