လူကြမ်း သရုပ်ဆောင် ဒီရဲဂျာကတော့ အပီပြင်ဆုံး သရုပ်ဆောင်ချက်တွေနဲ့အတူ ကျရာဇာတ်ကောင်တွေမှာ အကောင်းဆုံး သရုပ်ဆောင်ပြနိုင်ခဲ့တဲ့ အတွက်ကြောင့်
ပရိတ်သတ်ကြီးတွေရဲ့အားပေးမှုကို အခိုင်အမာ ရရှိထားပါတယ်နော်။ အခုတစ်ခါမှာ ဆိုရင် လူကြမ်းသရုပ်ဆောင် ဒီရဲဂျာက ဇာတ်ကားခေါ်ရိုက်မည့်သူ မရှိလို့
ကွမ်းယာဆိုင်လေး ဖွင့်ကာ ဝမ်းရေးအတွက် ဖြေရှင်းနေရကြောင်း အခုလိုပဲ ပြောလာခဲ့ပါတယ်နော်။ လူကြမ်းသရုပ်ဆောင် ဒီရဲဂျာက “ဆိုင်ကယ် အသစ်ကလေး ၀ယ်နိုင်သွားပြီ…
ကိုယ်ပိုင် စီးပွားရေးလုပ်တာ တော်တော်လေး နောက်ကျသွားတယ်… အက်ရှင်ဇာတ်ကားတွေ မရိုက်တော့တဲ့ အချိန်မှာ ကွမ်းယာဆိုင်နဲ့ ဆိုင်ကယ်ကယ်ရီ အလုပ်တွေ
လုပ်လိုက်တာ မှန်သွားတယ်… စား၀တ်နေရေး ပြေလည်လာတယ်…” ဆိုပြီးတော့ ပြောပြထားပါတယ်နော်။