မင်းသမီးချောလေး မိုးဟေကိုကတော့ ဗီဒီယိုတွေ ရုပ်ရှင်ဇာတ်ကားကြီးတွေ အများအပြား ရိုက်ကူးခဲ့ပြီး အနုပညာအလုပ်တွေကို နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။
မိုးဟေကိုက လက်ရှိမှာလည်း ကိုယ်ပိုင်ရုပ်ရှင်ရေးတစ်ခု တည်ထောင်ထားပြီး ဇာတ်ကားတွေ ရိုက်ကူးနေတာ ဖြစ်ပါတယ်။ အနုပညာလောကမှာ နေရာတစ်ခုကို
အခိုင်အမာ ရပ်တည်ထားနိုင်ခဲ့တဲ့ သူမက သရုပ်ဆောင်မှုနယ်ပယ်မှာလည်း ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်တွေရဲ့ အချစ်တွေကို
သိမ်းပိုက်ထားနိုင်တဲ့ သူလေးပါနော်။ အခုလည်း ရိုးရှင်းပြီး နုပျိုလွန်းတဲ့ အလှတရားတွေ အပြည့်နဲ့ ဆွဲဆောင်မှုရှိရှိလေး လှရက်လွန်းနေတဲ့ ပုံရိပ်လေးတွေကို ဖော်ပြခဲ့ရာ
အမြင်တစ်မျိုး ဆန်းသစ်စွာ ဆွဲဆောင်မှုရှိနေတာလည်း ဖြစ်ပါတယ်။ ပရိတ်သတ်ကြီးအတွက် မတ်မတ် မိုးဟေကိုရဲ့ အမိုက်စား ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။