ဆုံးပါးသွားတဲ့ မိခင်ကြီးက မကျွတ်မလွတ်သေးလို့ ကောင်းမှုကုသိုလ်လုပ်ရင် သူ့အမေရဲ့ နာမည်လေးပါ ထည့်ခေါ်ပြီး အမျှဝေပေးဖို့ ပရိတ်သတ်ကြီးကို အကူအညီတောင်းလာတဲ့ Russell

သရုပ်ဆောင် Russell ကတော့ အမှန်တရားကိုချစ်မြတ်နိုးသူတစ်ဦး ဖြစ်ပြီး ဒီမိုကရေစီကို လိုလားသူတစ်ဦး ဖြစ်တာကြောင့် အာဏာရှင်ကိုတွန်းလှန်ဖို့ ကြိုးစားနေတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ Russell ဟာ

သူတတ်ကျွမ်းထားတဲ့ အင်္ဂလိပ်ဘာသာစကားနဲ့ မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို နိုင်ငံပေါင်းစုံကလူတွေ သိရှိအောင် ပြောပြပေးနေတာကိုလဲ တွေ့ရပါတယ်။ ဒီလိုမျိုး စစ်ကောင်စီဖြုတ်ချဖို့ နည်းမျိုးစုံနဲ့‌

တော်လှန်ဖို့ကြိုးစားနေတဲ့ Russell ကိုတော့ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုထားပြီး လက်ရှိအချိန်မှာတော့ မိသားစုလေးနဲ့ အိမ်ကိုပစ်ပြီး ဘေးကင်းရာကို ထွက်ပြေးတိမ်းရှောင်နေရတာလဲ ဖြစ်ပါတယ်။ တိမ်းရှောင်နေရင်း

မိခင်ဖြစ်သူ ကွယ်လွန်သွားခဲ့တာတောင် လိုက်ပါပို့ဆောင်ခွင့်နဲ့ နောက်ဆုံးအကြိမ် ကန်တော့ခွင့် မရလိုက်ခဲ့ပါဘူး။ Russell ကတော့ လွတ်မြောက်နယ်မြေမှာ နေထိုင်ရင်း တော်လှန်ရေးတာဝန်တွေကို ကြိုးစားထမ်းဆောင်နေတာကိုလဲ

တွေ့ရပါတယ်။ Rusell ကတော့ မိခင်ဖြစ်သူ ဆုံးပါးသွားပြီး မကျွတ်မလွတ်သေးတာကြောင့် အလှူဝိုင်းကူလုပ်ပေးဖို့ ပြည်သူတွေကို အကူအညီတောင်းလိုက်ပါတယ်။ “သတင်းတွေ ဖုံးသွားရင် ခွင့်လွှတ်ပါ.. ဒီနေ့ ကျနော့် အမေဆုံးတာ

တစ်နှစ်ပြည့်ပါပြီ… ရန်ကုန်မှာ ရှိနေတဲ့ ကျနော့အကို ကို အိပ်မက်လာပေးတယ်… “ သူမကျွတ်သေးဘူး “ တဲ့… သူငယ်ချင်းတွေကလည်း ကောင်းမှူကုသိုလ် လုပ်ပေးဖို့ ပြောပါတယ်… ဒါ့ကြောင့် ရန်ကုန်မှာရှိတဲ့ သူငယ်ချင်းတွေကို

အကူအညီတောင်းချင်တာက ဒီနေ့မှာ ကောင်းမှူကုသိုလ် တစ်ခုခု လုပ်မယ်ဆိုရင် ကျနော့အမေ နာမည်လေးကိုပါ ထည့်သွင်းပြီး ကျွတ်တန်းဝင်အောင် ကုသိုလ်ပြု ပါဝင်ပေးကြပါဦး ခင်မျာ… အမည် – ဒေါ်ခင်မာလာထွန်း (၆၈ ကွယ်လွန်)”

လို့ Resuell ရဲ့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။ ပရိတ်သတ်ကြီးရေ အဆိုတော် Rusell ရဲ့ မိခင်ဖြစ်သူအတွက် ဆုတောင်းပေးပါအုန်း လို့ ကောမန့်က တစ်ဆင့် တောင်းဆိုလိုက်ရပါတယ်။