(၁၅ . ၉ . ၂၀၂၂) ညနေ (၅) နာရီ (၃၀) မိနစ်ခန့်က လှည်းကူးမြို့နယ် ဘိုးရင်ကလေးကျေးရွာနှင့် ဂျုံးဂျုံးဂျရွာ ကြားရှိ တံတား၌ လှည်းကူးမှ ပြန်လာသော ဆိုင်ကယ်အား လူ (၄) ဦးမှ ဓါးနှင့်ထောက်၍ ဆိုင်ကယ်လုယူ ထွက်ပြေးလာစဥ်
ဖုန်းဆက် အကြောင်းကြားမှုကြောင့် အဝိုင်းကျေးရွာ၊ ဘိုးရင်ကလေးကျေးရွာ နှင့် မလစ်ကျေးရွာသားများမှ ပူးပေါင်း၍ ဝိုင်းဝန်း ဖမ်းဆီးပေးနိုင်ခဲ့ကြောင်း သိရသည်။ ဆိုင်ကယ် ပြန်လည်ရရှိပြီး
ဆိုင်ကယ် ဓါးထောက်လုယူသူ (၄) ဦးစလုံး ဖမ်းဆီးရမိခဲ့ပါသည်။ လှည်းကူးမြို့နယ်တွင် ယခုလို ဓားထောက်ခါ ဆိုင်ကယ်လုယက်မှုများ နေ့စဥ်ဖြစ်ပွားနေပြီး တရွာနှင့်တရွာ ဆိုင်ကယ်ဖြင့် မသွားမလာရဲ ဖြစ်နေကြသည်မှာ
ဘယ်ခေတ် ဘယ်အခါမှ မရှိခဲ့ဘူးပါ။ သို့ပါ၍ အထက်ဖေါ်ပြပါ ရွာသုံးရွာမှ ပြည်သူများအား မိတ်ဆွေတို့၏ ညီညွတ်မှုအတွက် ဂုဏ်ယူပါကြောင်း ဖေါ်ပြလိုက်ပါသည်။ (နောက်ဆက်တွဲ) ယခုပိုစ့်ပါ ဓာတ်ပုံကို မြင်ရသဖြင့်
(၁၁ / ၉ / ၂၀၂၂) နေ့ နံက် (၅) နာရီ မိနစ် (၃၀) ခန့်က ကြာကန်စက်ရုံ အနီးတွင် ဆိုင်ကယ် နှင့် ဖုန်း အလုခံရသူကလည်း သူ့ဆိုင်ကယ် နှင့် ဖုန်းကို လုယက်သွားသူများမှာ ဓာတ်ပုံပါသူများ ဖြစ်ကြောင်း ပြောလာပါသည်။
Be the first to comment