ဆရာ အကြည်တော် ကွယ်လွန်သွားပြီ ဆိုတဲ့ သတင်းကြားပြီး ဆရာ့လိုမျိုး ဘဝမှာ မျက်ရည် ကျရတဲ့အထိ နှမြောဖူးတဲ့ လူတစ်ဦးအကြောင်းကို ရင်ဖွင့်လာတဲ့ သရုပ်ဆောင် မာန်ဟိန်း

ကျွန်တော် ဆရာအကြည်တော်နဲ့ မခင်ပါဘူး။ ဒါပေမယ့် နှမြောတယ်။ ဘာလို့ဆို အနုပညာသမား အစစ် ဖြစ်နေလို့ပဲ။ ဆရာ အကြည်တော်လိုမျိုး ဘဝမှာ မျက်ရည်ကျရတဲ့ အထိ နှမြောဖူးတဲ့ လူတစ်ဦးရှိတယ်။ ကိုတွတ် … ပုံတွေတွေကတော့ လုပ်စားတယ် မထင်ရအောင် ရင်းနှီးတယ်ဆိုတာ ပြတဲ့ သဘောပါပဲ။

ကိုတွတ်ကို နှမြောတယ်ဆိုတာ Artist တစ်ယောက်ဆိုတာ ဘယ်လိုလဲဆိုတာ ကျွန်တော့်ကို မြင်အောင် ပြခဲ့သူ ကြားအောင်ပြောခဲ့သူမို့ … သူနဲ့ ကျွန်တော်သွားခဲ့ရတဲ့ Tuborg (9) မြို့ ခရီးစဉ်က အဖိုးမဖြတ်နိူင်ခဲ့တဲ့ ကျွန်တော့်ရဲ့ အခိုက်အတန့်ပဲ … သူ့ကို ကြည့်နေရင်းနဲ့ တကယ့် Artist အစစ်ဆိုတာ

ကျွန်တော် နားလည်လာတာ … ပေါ်ပင်မလုပ်ဘူး၊ အလှအပမလုပ်ဘူး၊ သူတို့ကြိုက်တာ သူတို့လုပ်တယ်၊ ဟိုဟာလေး Trend နေလို့ ဒီဟာလေး Trend နေလို့ လိုက်မလုပ်ဘူး၊ ဘယ်သူ့မှ $ ဂရုစိုက်မနေဘူး၊ ဘာ Followers မှ $ ဂရုမစိုက်ဘူး၊ ပိုက်ဆံမရှာဘူး အနုပညာကို ခုတုံးမလုပ်ဘူး၊ ဒဲ့ပြောရရင်

ပေါတောတောတွေ ဘာတစ်ခုမှမလုပ်ဘူးကွာ … ဘယ် Show ပွဲမှ မိတ်ကပ်လိမ်းပြီး မဆိုဘူး (ဦးနှောက်ရှိတဲ့သူတိုင်း ဘာပြောလဲ တွေးတတ်တယ်) အဲ့တော့ … ဒီလိုလူတွေဆုံးတဲ့ အချိန် ဘာမှမကျန်ခဲ့ဘူး။ ကိုတွတ်လည်း တိုက်ခန်းအကျဉ်းလေးတစ်ခုပဲ နောက်ဆုံးနေခဲ့ရတာမလား ဒါပေမယ့် သူတို့ ဘာမှ

မက်မောမနေဘူး မနာလိုဝန်တိုစိတ် စိုးစဉ်းတစ်ခုမှ မရှိသွားဘူး အလုပ်လား ရှိရင်လုပ်မယ် မရှိရင်မလုပ်ဘူး အေး … ကြိုက်ရင်လုပ်မယ် မကြိုက်ရင်မလုပ်ဘူး။ ဒီလိုလူတွေ ဆုံးရင် ဘာကျန်လဲ နာမည်ပဲ ကျန်တယ်။ အဲ့နာမည်ကျန်ဖို့ဆိုတာ ပိုက်ဆံဘယ်လောက်ပေးပေး ဝယ်လို့မရဘူး။

တစ်သက်လုံး လူတစ်ယောက်ရဲ့ ဆုံးပါးမှုကို နှမြောနေဖို့က ငွေဘယ်လောက်သုံးသုံး မရဘူး။ ရနိူင်တာ တစ်ခုပဲရှိတယ် ခင်ဗျားတို့အလုပ်ကို ခင်ဗျားတို့ သစ္စာရှိဖို့ပဲလိုတယ်။ ကိုသားကြီး ဆုံးတော့ ခင်ဗျားတို့ နှမြောကြတယ်မလား …? ဦးသုမောင်ဆုံးတော့ နှမြောကြတယ်မလား …? ကိုတွတ်ဆုံးတော့

ခင်ဗျားတို့ နှမြောကြတယ်မလား …? အခု အကြည်တော် … အေး … အဲ့ဒါတွေက အနုပညာစစ် လို့ပဲ။ ကိုယ့်အလုပ်ကိုယ် တန်ဖိုးထားကြလို့ပဲ၊ ကိုယ့်အနုပညာကိုယ်တန်ဖိုးထားလို့ပဲ … ဒီဘက်ခေတ်ထဲမှာ အနုပညာခုတုံးလုပ်သူတွေ ပိုတောင်ပေါလာပါသေးတယ်။ လုပ်ပါ မလုပ်နဲ့မတားဘူး ဒါက ကိုယ်စီ စီးပွားရေး

သူတို့ မိသားစု သူတို့ပတ်ဝန်းကျင် ဒီကရတဲ့ ဝင်ငွေနဲ့ အဆင်ပြေသွားတယ်ဆိုရင်လည်း ဝမ်းသာရတာပဲ။ အခုတော့ အနုပညာအစစ်တွေ တစ်ယောက်ပြီး တစ်ယောက်ကြွေလွင့်တိုင်း ရင်ထဲနင့်အောင် ခံစားရတယ် … ကြယ်တွေကြွေတာ ထိုင်ကြည့်နေရတာ အနုပညာဖန်တီးမှုတွေ ထပ်မရတော့ဘူးဆိုတဲ့

အသိက ရင်ကိုစို့စေတယ်။ အနုပညာသမား အစစ်တွေကို တန်ဖိုးထားတတ်ကြပါစေ … ကျွန်တော်တို့ ဗမှားပြည်ကြီးမှာ အနုပညာသမား အစစ်တွေ နေရာရပါစေ သေပန်းလှပါစေလို့ပဲ ဆုတောင်းနေရတာပါပဲ ……