“ဆည်းဆာ စိမ်းစိမ်း” ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ပထမဦးဆုံး မေမေနဲ့ အတူတွဲပြီး ရိုက်ကူးထားတာမို့ အားပေးကြပါအုန်းလို့ ပြောလာတဲ့ ဘုန်းမင်းနေလ

မေမေနဲ့တူတဲ့ ချောမောတဲ့ ရုပ်ရည်ကြောင့် သရုပ်ဆောင် အကယ်ဒမီ ခင်ဇာခြည်ကျော်ရဲ့ သားဖြစ်သူ ဘုန်းမင်းနေလကတော့ ပရိတ်သတ်တွေရဲ့ ချစ်ခင်မှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဘုန်းမင်းနေလကတော့ အခုဆိုရင်

မေမေ့ရဲ့ခြေရာကိုနင်းပြီး အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်နေခဲ့ပြီ ဖြစ်ပြီး ကြော်ငြာနဲ့ ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဘုန်းမင်းနေလက သူ့ရဲ့မေမေနဲ့ ပထမဦးဆုံးအကြိမ်

ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲလေး အကြောင်းကို ပရိတ်သတ်တွေဆီ ပြောပြလာပါတယ်။ ဘုန်းမင်းနေလက “မေမေနဲ့ ကျွန်တော့်ရဲ့ ပထမဆုံးဇာတ်လမ်းတွဲလေး မကြာခင် ပြသပါတော့မယ်.. စစ်ကိုင်းမှာ ရက် (၅၀) ကျော်ကြာ

ရိုက်ကူးထားတဲ့ “ဆည်းဆာ စိမ်းစိမ်း” ရုပ်သံဇာတ်လမ်းတွဲကို Skynet Premier HD channel ကနေ နိုဝင်ဘာ (၁၈) ရက်နေ့က စ၍ ထုတ်လွှင့်ပြသတော့မှာပါ… ကိုစောနောင်လေးကို အားပေးကြပါအုံးနော်…” ဆိုပြီး

သူ့ရဲ့မေမေနဲ့ သူနဲ့ ပထမဦးဆုံးအကြိမ် ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲလေး အကြောင်းကို ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။ ဘုန်းမင်းနေလဟာ မေမေ့ရဲ့ ဖေးမမှုနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး မေမေနဲ့အတူတူလည်း

ဇာတ်လမ်းတွဲတွေကို လည်း ရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ ပရိတ်သတ်ကြီးလည်း ဘုန်းမင်းနေလနဲ့ ခင်ဇာခြည်ကျော်တို့ သရုပ်ဆောင်ထားတဲ့ “ဆည်းဆာ စိမ်းစိမ်း” ဇာတ်လမ်းတွဲလေးကို စောင့်မျှော်အားပေးကြပါဦးနော်။