ပရိသတ်ကြီးရေ ဇာတ်ပို့ သရုပ်ဆောင် အနုပညာရှင်မလေး လမင်းကဗျာကိုတော့ အထူးမိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသား ဖြစ်မယ် ထင်ပါတယ်။
လမင်းကဗျာကတော့ ဇာတ်ပို့တစ်ယောက်အဖြစ်နဲ့ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့သူ အနုပညာရှင်တစ်ယောက်ပါ။ ပေါ့ပါးတက်ကြွတဲ့ သူမရဲ့
Life Style ကြောင့်လည်း လူသိများသူတစ်ယောက်ပါ။ ဒီကနေ့မှာတော့ မင်းသားချော မိုးအောင်ရင်နဲ့ သူမကြား ဖြစ်သွားတဲ့ စိတ်အမှတ်မထင် ကိစ္စလေးကြောင့်
သူမအတွက် အတော်လေး စိတ်ထိခိုက် ခံစားခဲ့ရပုံပါပဲ။ သူမ အကောင့်ကနေ တင်ထားခဲ့တဲ့ မင်းသားချော မိုးအောင်ရင်နဲ့ တွဲရိုက်ထားတဲ့ ပုံကိုလည်း သူမရဲ့
လူမှုကွန်ရက် စာမျက်နှာပေါ်မှ ပြန်လည် ဖျက်ထားခဲ့ပါတယ်။ သူမမှာ ပြောစရာစကားလုံး မရှိလောက်အောင် စိတ်ထိခိုက်ရတာမို့ စကားလုံးများ အစား လမင်းကဗျာက “😌” ဆိုတဲ့
Emoji လေးကိုသာ သုံးပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ထားခဲ့ပါတယ်။ လမင်းကဗျာအတွက် ပရိသတ်ကြီးလည်း အားပေးစကားလေးများ ပြောပေးခဲ့ပါဦးနော်။