“စိတ်လွတ်ပြီး လုပ်မိလုပ်ရာ လုပ်မိတာပါ” ဆိုပြီး ဖြေရှင်းလာတဲ့ ကားလမ်းပေါ်မှာ ကလေးပစ်သွားခဲ့သူ ကလေးမိခင် မချိုချိုဝင်း

ခိုင်နှင်းဝေက “မနေ့ညနေ (၃) နာရီ အချိန်ခန့်က Taxi အဖြူရောင် နဲ့ အသက် (၂၀) ဝန်းကျင် အမျိုးသမီးတစ်ယောက် ကျမ ဂေဟာ နားမှာ ကလေး လိုက်ပေးပါတယ်..(အမေ ကိုယ်တိုင် ဖြစ်ကြောင်း) လဲ သိရပါတယ်..မကြာခင်မှာပဲ ကလေးကို ကျမတို့ ဂေဟာ လမ်းထိပ်မှာ ပစ်ပြီး

ကားမောင်းပြေးသွားပါတယ်..ရပ်ကွက်မှ လူများ ကားနောက်သို့ ပြေးလိုက်ပေမဲ့ မမှီတော့တဲ့ အတွက် ကျမတို့ဂေဟာကို လာပို့ဆောင်ခြင်းဖြစ်ပါတယ်….ကားနံပါတ်မှတ်ခြင်း၊ အမျိုးသမီး ပုံများ ရိုက်ထားခြင်း၊ ကျမ page မှ post များတင်ပြီး မကြာခင် ကလေးပျောက်ကြောင်း

ကျမအသင်းဆီ ဖုန်းများဝင်လာပါတယ်..ကလေးမှာ လှိုင်သာယာဆေးရုံမှာ မွေးကြောင်း၊ အမေ မှာ သွေးလန့်ပြီး လျှောက်သွားကြောင်း၊ တို့ဆေးမိနေကြောင်း များ ပြောလာပါတယ်..ကျမ အနေနဲ့ Taxi ဆရာ၊ ကလေးပျောက်သော မိဘများ နှင့်

ရပ်ကွက်မှ ပြည်သူများ ခေါ်ယူတွေ့ဆုံကာ မနက်ဖြန် (၁၇.၉.၂၀၂၂ ) စနေနေ့ နေ့လည် (၂) နာရီ မှာ Live လွှင့်၍ ပျောက်တဲ့ ကလေး နှင့် ပစ်တဲ့ ကလေး တူ မတူ ဆိုတာ အတည်ပြု သွားပါမယ်ရှင်..” လို့ live လွှင့်ပြီး ပြောပြီးတဲ့နောက်မှာတော့

ကလေးမိခင် မချိုချိုဝင်းက “ညီမရဲ့စိတ်တွေက ဟိုရောက်လိုက်၊ ဒီရောက်လိုက်ဖြစ်နေတဲ့အချိန်မှာ ကလေးကို လွှင့်ပစ်ချင်တာတော့မဟုတ်ဘူး၊ မသိဘူး၊ ညီမလုပ်မိလုပ်ရာလုပ်ပစ်လိုက်တာ၊ ညီမစိတ်က လွတ်နေတာ၊ မခိုင်နှင်းဝေဆီကနေ ကလေးကို မရ ရအောင် ပြန်တောင်းမှာပါ” လို့ ပြန်လည် ဖြေရှင်းလာခဲ့ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*