စိတ်တွေ မွန်းကြပ်နေလို့ မန်ချက်စတာမြို့ကို သွားပြီး စိတ်ကူးလေးထဲကအတိုင်း ဖြစ်လိုက်ချင်တယ် ဆိုတဲ့ အဆိုတော် ရေဗက္ကာဝင်း

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ အခုတစ်ခါကတော့ နည်းနည်းလေး ထူးဆန်းနေလိမ့်မယ်လို့ ထင်ပါတယ်။ ပရိတ်သတ်တွေရဲ့ အားပေးမူကို အခိုင်အမာ ရရှိထားပြီး ယနေ့ထက်တိုင်

သူမရဲ့ သီချင်းတေးသွားတွေက ရင်ထဲ စွဲငြိနေဆဲမို့ပါ။ တေးသံရှင် ရေဗက္ကာဝင်း ဆိုတာကတော့ အိမ်ထောင်ဖက်နဲ့ လမ်းခွဲခဲ့ပြီး နောက်ပိုင်း မိသားစုနဲ့အတူ သာသာယာယာ

အေးအေးချမ်းချမ်းလေး ဖြတ်သန်းနေသူ ဖြစ်ပါတယ်။ ကိုယ်တိုင်လည်း အားကစားလုပ်ရတာ ဝါသနာပါသူဖြစ်ပြီး ဘောလုံးအားကစားကိုလည်း နှစ်သက်သူဖြစ်ပါတယ်။

အမှန်အကန် အားပေးတဲ့ မန်ယူဖန် အစစ်ပါနော်။ အစောပိုင်းတွေမှာ အခြားသော ဆယ်လီတွေ ဂယက်ထနေကြပေမဲ့ အခုတစ်ခါကတော့ ရေဗက္ကာဝင်းရဲ့ မန်ယူကို ဘယ်လောက်ထိ

ရူးသွပ်စွာ အားပေးတယ်ဆိုတာ မြင်တွေ့ကြရမှာပါ။ ယနေ့မှာတော့ ရေဗက္ကာဝင်းတစ်ယောက် အကြံကြီး ကြံနေပါပြီနော်။ “တခါတလေကျရင်လေ CR7 နဲ့ပဲ ရရ ဆိုပြီး မန်ချက်စတာကို

ထွက်သွားလိုက်ချင်တယ်.. ခက်တာက အလုပ်တွေရှိသေးလို့…😄” လို့ ပြောထားပါတယ်နော်။ ကဲ ပရိတ်သတ်တွေထဲမှာ မန်ယူဖန်တွေ ရှိနေရင်လည်း ကောမန့်လေးတွေ ရေးသားပြီး အားပေးခဲ့ကြပါအုံးနော်။