ကိုပေါက် ခင်ဗျား စိတ်ဆိုးလဲမတတ်နိုင်ဘူး ဂရုလဲမစိုက်ဖူး။ ပြောစရာရှိတာတော့ ကျုပ် ပြောရမှာဘဲ …. ဘာလဲဗျာ ခင်ဗျား တော်တော် များသွားပြီ …. မနက် အိပ်ရာကထလို့
facebook လေးဖွင့်လိုက်တာနဲ့ ဟိုလူကလဲ “မသောက်မိသော မိုးခါးရေ” ဒီလူကလဲ “မိုးခါးရေ” နဲ့ ခင်ဗျား လုပ်ရပ်တွေ တော်တော် များသွားပြီ …. အခုလဲ ကြည့် ဟို နိုင်ငံမှာလဲ “မိုးခါးရေ”
ဒီနိုင်ငံမှာလဲ “မိုးခါးရေ” နဲ့ တစ်ကမ္ဘာလုံး “မိုးခါးရေ” ဖြစ်ကုန်ကြပီ။ တော်တော် တရားလွန်နေပြီ ခင်ဗျား .. တော်တော် များသွားပြီ ကိုပေါက် … အခု ခင်ဗျား ကို မကြိုက်တဲ့လူတွေ
ပြည်သူ့ဘက်က ရပ်တည်ပြီး ပြည်သူ့ကိုယ်စား အနုပညာနဲ့ တိုက်ပွဲဝင်နေတဲ့ ခင်ဗျား တို့ ကျုပ်တို့ကို မကြိုက်တဲ့ လူတွေကော.. ဟို … မြောက် မြန်မာပြည်ဘက်က သူတွေကပါ
ခင်ဗျားရဲ့ “မိုးခါးရေ” ကို ခိုးကြည့်ပြီး သူတို့ကပါ
“မိုးခါးရေ မိုးခါးရေ မိုးခါးရေ” ဖြစ်ကုန်ပြီ။ အဲ့တာ ခင်ဗျား သိရဲ့လား။ သူတို့ရဲ့ မသိစိတ်က ခင်ဗျား “မိုးခါးရေ” ကို ကြိတ်ပြီး
သဘောကျနေတာ ခင်ဗျား သိလား …. ခင်ဗျား တော်တော် များသွားပြီနော် …. အေး အခု ကျုပ်ပြောတာတွေ ခင်ဗျား မကြိုက်လဲ ဂရုမစိုက်ဖူး။ ပြောစရာရှိတာကတော့ ပြောရမှာဘဲ ….
ခင် ဗျား တော် တော် များ သွား ပြီ … ကိုပေါက် ….