ပရိတ်သတ်ကြီးရေ အခုတစ်ခါမှာ ဆိုရင် ဇာတ်ပို့ သရုပ်ဆောင် ဇော်ဝင်းနိုင်က စား၀တ်နေရေးအဆင်မပြေတော့လို့ ဘိသိတ်ဆရာ လုပ်ပြီး အသက်မွေး၀မ်းကြောင်းပြုနေတဲ့ အကြောင်းကို အခုလို ပြောပြထားပါတယ်နော်။
ရုပ်ရှင်တွေ ခေတ်မကောင်းတဲ့အတွက် ဇာတ်ပို့သရုပ်ဆောင် ဇော်ဝင်းနိုင်က သူအရင်တုန်းက ရိုက်ခဲ့ဖူးတဲ့ “ဘိသိတ်ပြိုင်” ထဲက ဇာတ်ကောင်စီးဝင်ပြီးတော့ ဘိသိတ်ဆရာလုပ်နေပါတယ်။
ကိုဇော်ဝင်းနိုင် ဘိသိတ်ဆရာ ဘယ်လိုဖြစ်လာတယ်။ ဘိသိတ်ဆရာဘဝကို ဘယ်လိုဖြတ်သန်းနေရလဲ သိဖို့အတွက် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ “ရုပ်ရှင်လောက အခြေအနေ ကောင်းစဉ်ထဲက
ကျွန်တော် မန္တလေးမှာ သုံးပွဲလောက် ဘိသိတ်မြှောက်ခဲ့ဖူးပါတယ်… ပြီးတော့ ကိုဗစ်တွေ ဖြစ်လာတော့ အားလုံးနားလိုက်ရတယ်.. ရုပ်ရှင်ဘက်က အခြေအနေ မကောင်းတော့
ဘိသိတ်လိုင်းဘက် ဝင်လာကြပြီ ဆိုပြီးလည်း ဝေဖန်ခံရပါတယ်…” ဆိုပြီးတော့ ပြောပြထားပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးလဲ သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Be the first to comment