စတိတ်ပေါ်မှာ လှလှလေး ဖျော်ဖြေနိုင်ဖို့ နောက်ကွယ်ကနေ ကူညီလုပ်ဆောင်ပေးတတ်တဲ့ မင်းထိုက်ရဲ့အကြောင်းကို ပြောပြလာတဲ့ DJ Violet

သရုပ်ဆောင် နေမျိုးအောင်ရဲ့ သားဖြစ်သူ မင်းထိုက် ဟာဆိုရင် အဖေ့ရဲ့ခြေရာကို နင်းပြီး သရုပ်ဆောင်တစ်ယောက် အဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။ မင်းထိုက်ရဲ့ ချစ်သူဟာလည်း အနုပညာအသိုင်းအဝိုင်းက လို့ ဆိုနိုင်ပြီး

DJ တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ DJ Violet ပဲ ဖြစ်ပါတယ်။ မင်းထိုက်နဲ့ DJ Violet တို့စုံတွဲလေးကတော့ လူငယ်ဆန်ပြီး ချစ်စရာကောင်းတာမို့ ပရိတ်သတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားကြတဲ့ စုံတွဲလေးဆိုလည်း မမှားပါဘူး။

ချစ်သူ သမီးရည်းစားတွေပီပီ တစ်ယောက်ကိုတစ်ယောက် လိုအပ်တာတွေ ဖြည့်ဆည်းပေးတတ်တဲ့ သဘောအတိုင်း မင်းထိုက်ဟာလည်း သူ့ရဲ့ချစ်သူကောင်မလေးအတွက် နောက်ကွယ်ကနေ အကုန်ဖြည့်ဆည်းပေးနေတာပဲ ဖြစ်ပါတယ်။

မင်းထိုက်က သူ့ရဲ့ချစ်သူ DJ Violet စတိတ်ပေါ်မှာ လှလှလေးဖျော်ဖြေနိုင်ဖို့ သူကိုယ်တိုင် မိတ်ကပ်၊ ဆံပင်ကအစ ကူညီလုပ်ဆောင်ပေးတတ်ကြောင်း DJ Violet က သူမရဲ့ ဖေ့စ်ဘုတ် Story မှာ ပြောလာပါတယ်။ မင်းထိုက်ကတော့

သူ့ရဲ့ချစ်သူ DJ Violet ရဲ့ မန်နေဂျာ အဖြစ် တာဝန်ယူ ဆောင်ရွက်နေသလို စတိတ်စင်နောက်ကွယ်မှာလည်း လိုလေသေးမရှိ အကုန်ဖြည့်ဆည်းပေးနေတာပဲ ဖြစ်ပါတယ်။ မင်းထိုက်နဲ့ DJ Violet တို့ အတွဲလေးကတော့ တကယ့်ကို အားကျစရာပါပဲနော်။