ငိုရင်လည်း နှပ်ချေးပါထွက်တယ် ဆိုပြီး အဖေဖြစ်သူရဲ့ သရုပ်ဆောင်ပိုင်နိုင်ပုံကို သဘောကျကြောင်း ပြောလာတဲ့ သရုပ်ဆောင် ထူးခန့်ကျော်ရဲ့ သားငယ်လေး မင်းသူရိန်

ပရိတ်သတ်ကြီးရေ ဗီဒီယိုခေတ်ထဲက နာမည်ကြီးလူကြိုက်များခဲ့တဲ့ ဝါရင့်မင်းသားတစ်ဦး ဖြစ်တဲ့ ထူးခန့်ကျော်ကိုတော့ ရုပ်ရှင်ချစ် ပရိတ်သတ်တိုင်း သိကြလိမ့်မယ် ထင်ပါတယ်နော်။

နယ်ပရိတ်သတ် အခိုင်အမာ ရရှိထားတဲ့ အနုပညာမျိုးရိုးလဲရှိတဲ့ မင်းသား ထူးခန့်ကျော်ကတော့ မင်းသားကြီး တစ်ဦးဖြစ်တဲ့ မြင်စိုင်းသား (အောင်အောင်) ရဲ့

သားတစ်ဦးလဲ ဖြစ်ပါတယ်။ အခုလက်ရှိမှာ အနုပညာလှုပ်ရှားမူ့တွေ မရှိတော့ပေမယ့် တတ်ကျွမ်းထားတဲ့ တိုင်းရင်းဆေးပညာနဲ့ အရိုးဝေဒနာကို ခံစားနေရတဲ့ လူနာတွေကို

ကုသပေးနေပါတယ်။ ဆေးပညာဟာ ဆေးစွမ်းထက်လွန်းပြီး ပြသဖို့ကို အနယ်နယ်အရပ်ရပ်က ဝေဒနာရှင်တွေ များပြားတာတွေကြောင့် ဘိုကင်စနစ်နဲ့ တန်းစီကြရပါတယ်။

ဒီကနေ့မှာတော့ ထူးခန့်ကျော်ရဲ့ သားဖြစ်သူက အဖေဖြစ်သူကို အားကျအတုယူကြောင်း အခုလို ပြောလာပါတယ်။ “အဖေ သရုပ်ဆောင်တာ သဘောကျတယ်.. ငိုရင်လည်း

နှပ်ချေးပါထွက်တယ်… ရီရင်လည်း လူဆိုးရီတဲ့ပုံစံမျိုးနဲ့လေ… အဖေ သရုပ်ဆောင်တဲ့ကားတွေ ကြည့်ပြီး လေ့ကျင့်ဖြစ်တယ်… သရုပ်ဆောင်ဖြစ်ချင်တာ တစ်ပိုင်းသေနေလို့ လေပါဖြတ်ချင်နေပြီ….” ဆိုပြီး ပြောလာခဲ့ပါတယ်နော်။