သရုပ်ဆောင် ဇင်ဇင်ဇော်မြင့်ကတော့ အကောင်းဆုံး သရုပ်ဆောင်ချက်များ နဲ့အတူ ကျရာဇာတ်ကောင်တွေမှာ အပီပြင်ဆုံး သရုပ်ဆောင်ပြနိုင်ခဲ့တဲ့ အတွက်ကြောင့် ပရိတ်သတ်များရဲ့
တခဲနက် အားပေးမှုကို အပြည့်အဝ ရရှိထားပါတယ်နော်။ အခုတစ်ခါမှာဆိုရင် သရုပ်ဆောင် ဇင်ဇင်ဇော်မြင့်က ဂျပန်နိုင်ငံမှာ ငယ်ဘဝ ကြီးပြင်းခဲ့တဲ့ အမှတ်တရတွေကို အခုလို ပြန်လည်
ပြောပြလာခဲ့ပါတယ်နော်။ သရုပ်ဆောင် ဇင်ဇင်ဇော်မြင့်က “ငယ်ငယ်ကတည်းက ဂျပန်မှာနေလာတာ… ကျောင်းလဲ ဂျပန်ကျောင်းမှာပဲ တက်တာ… အလယ်တန်းရောက်မှ မြန်မာပြည်ကို
ပြန်လာတာ.. ဂျပန်စကားတော့ ငယ်ငယ်ကတော့ ပြောတတ်တယ်… အခုက မြန်မာပြည်မှာ နေတာကြာပြီ ဆိုတော့ မေ့နေပြီ… ပြန်နွေးရင်တော့ မှတ်မိတယ်…” ဆိုပြီးတော့ ပြောပြလာခဲ့ပါတယ်နော်။