ငယ်ငယ် ရွယ်ရွယ်လေးနဲ့ ကွယ်လွန်သွားခဲ့တဲ့ တဦးတည်းသော သားဖြစ်သူ သရုပ်ဆောင် ပြေငြိမ်း အကြောင်း ဝမ်းနည်းစွာ ရင်ဖွင့်လာတဲ့ ဒါရိုက်တာ မောင်မောင်မြင့်

ဒါရိုက်တာ မောင်မောင်မြင့်ကတော့ အမိုက်စား ရုပ်ရှင်ရိုက်ကွက်တွေနဲ့အတူ အကောင်းဆုံးသော ရုပ်ရှင်ဇာတ်ကားများကို ဖျော်ဖြေတင်ဆက် ပြသနိုင်ခဲ့တဲ့ အတွက်ကြောင့်

ပရိတ်သတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားပါတယ်နော်။ အခုတစ်ခါမှာ ဆိုရင် ဒါရိုက်တာ မောင်မောင်မြင့်က အသက်ငယ်ငယ်လေးနဲ့ ကွယ်လွန်သွားတဲ့

သားဖြစ်သူ သရုပ်ဆောင် ပြေငြိမ်း အကြောင်းကိုအခုလိုပဲ ဝမ်းနည်းစွာ ရင်ဖွင့်လာခဲ့ပါတယ်နော်။ ဒါရိုက်တာ မောင်မောင်မြင့်က “သား ပြေငြိမ်း က ရုတ်တရက်ကြီး ခွဲခွာသွားတော့

အရမ်း ခံစားခဲ့ရတယ်… သား ယောက်ကျ်ားလေး တစ်ယောက်ပဲ ထွန်းကားခဲ့တာပါ… ရုပ်ရှင် ခေတ်ဦးပိုင်းမှာ သားက ထူးထူးခြားခြား ဖြစ်ခဲ့တယ်… သူ ပါဝင်သမျှ ဇာတ်ကားတွေရဲ့

(၉၀) ရာခိုင်နှုန်းက အောင်မြင်နေတဲ့ အချိန်.. အရမ်း အောင်မြင်နေတဲ့ အချိန်… တက်နေတဲ့ အချိန်မှာ ဖြစ်ခဲ့ရတယ်.. သား သာ ရှိနေသေးရင် ဒိတ်ဒိတ်ကြဲ အနုပညာရှင်တစ်ယောက် ဖြစ်နိုင်တယ်…” ဆိုပြီးတော့ ပြောပြလာခဲ့ပါတယ်နော်။