ဂီတနယ်ပယ်မှာလည်း အောင်မြင်မှုတွေ ရရှိနေသလို ပညာရေးနဲ့ ပတ်သက်ပြီးလည်း ထူးချွန်ကြောင်း သက်​သေပြလာတဲ့ အုပ်စိုးခန့်

မိန်းကလေးပရိတ်သတ်တွေ သည်းသည်းလှုပ်ချစ်ကြတဲ့ အဆိုတော်၊ သရုပ်ဆောင် အုပ်စိုးခန့်ကတော့ ဆယ်ကျော်သက် အရွယ်ကတည်းက သီချင်းတွေကို သီဆိုခဲ့ပြီး အခုဆိုရင် တိုင်းသိပြည်သိ အပြင်

အိမ်နီးချင်းနိုင်ငံတွေ အထိပါ အောင်မြင်နေပြီပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတွေကလည်း အုပ်စိုးခန့်က ဂျပန်လူမျိုးအဆိုတော်တွေနဲ့ သီချင်းဆိုခဲ့ပြီး အဆိုပါ သီချင်းဟာ ဂျပန်နိုင်ငံအတွင်းမှာ လူကြိုက်များတဲ့ သီချင်းတစ်ပုဒ်

ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဂီတအနုပညာနဲ့ ပတ်သက်ပြီး တဆင့်ပြီးတဆင့် အောင်မြင်မှုတွေ ဆွတ်ခူးပိုင်ဆိုင်နေတဲ့ အုပ်စိုးခန့်ဟာ သူ့ရဲ့ အသက်အရွယ်အရလည်း ပညာရေးနဲ့ပတ်သက်ပြီး လုပ်စရာရှိတဲ့ အဆင့်အတိုင်း

လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အုပ်စိုးခန့်က သူ့အနေနဲ့ NMA – National Management Academy မှာ ဘွဲ့ရရှိခဲ့တဲ့ အမှတ်တရပုံလေးကို ပရိတ်သတ်ဆီ ပြသလာခဲ့တာ အခုလိုပဲ တွေ့ရပါတယ်။

အုပ်စိုးခန့်ကတော့ ဂီတနယ်ပယ်မှာလည်း အောင်မြင်မှုတွေ များစွာရရှိနေသလို ပညာရေးနဲ့ပတ်သက်ပြီးလည်း လစ်ဟင်းမှုမရှိတဲ့ လူငယ်လေးတစ်ယောက်ပါပဲ။ အုပ်စိုးခန့်တစ်ယောက် ဒီထက်မက အောင်မြင်မှုတွေရရှိ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။