ခွဲခွါခြင်းတွေ ပြည့်နှက်နေတဲ့ လောကကြီးမှာ အကောင်းမြင်စိတ်လေးတွေ ပိုထားကြဖို့ မွန်းကြပ်နေသူတွေအတွက် ဆုတောင်းပေးလိုက်တဲ့ အဆိုတော် G Fatt

အဆိုတော် G Fatt ကတော့ Rap သီချင်းကောင်းလေးတွေကို သီဆိုတတ်တဲ့ လူငယ်ပရိတ်သတ်တွေအားလုံး ကြိုက်နှစ်သက်အားပေးခြင်း ခံရတဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။

G Fatt ဟာ လူငယ်ကြိုက် အဆိုတော်တစ်ယောက် ဆိုပေမယ့် အေးအေးဆေးဆေးနေတတ်ပြီး တည်ငြိမ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ G Fatt က

အဆုံးစီရင်မှုကိစ္စတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောလာပါတယ်။ G Fatt က “သေကွဲရော ရှင်ကွဲရော ခွဲခွါခြင်းမျိုးစုံ ပြည့်နေတဲ့ ကာလကြီးကို

ငါတို့ဖြတ်သန်းနေကြရတယ်… ကိုယ့်ပါတ်ဝန်းကျင်လေးကို ပိုချစ်ကြ ၊ ပိုနွေးထွေးပေးကြ ၊ အကောင်းမြင်စိတ်လေးတွေနဲ့ကြည့်ပေးကြ ၊ အရာရာအတွက်

မေတ္တာသာ အကောင်းဆုံးကုထုံးဆိုတာ ငါတို့အားလုံးသိပြီးသားပဲမဟုတ်လား… မွန်းကြပ်နေသူတို့စိတ် ကျန်းမာနိုင်ကြစေ….” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေလာပါတယ်။

G Fatt ကတော့ သူ့ရဲ့ပရိသတ်တွေအားလုံးရော အခြားသူတွေအားလုံးကိုပါ မေတ္တာသာ အကောင်းဆုံးကုထုံးဖြစ်ပြီး မွန်းကြပ်နေသူအားလုံး စိတ်ကျန်းမာနိုင်ကြပါစေလို့ ဆုတောင်းပေးလာခဲ့တာပဲ ဖြစ်ပါတယ်။