ချစ်သူလေး ကိုဇင်မြင့်အောင်ရဲ့ မွေးနေ့မှာ ချစ်ခြင်းမေတ္တာအပြည့်နဲ့ မွေးနေ့ဆုမွန်ကောင်း တောင်းပေးလာတဲ့ ပရဟိတမင်းသမီး ခိုင်နှင်းဝေ

ပရိတ်သတ်ကြီးရေ ခိုင်နှင်းဝေကတော့ (၇) ရက်သားသမီးတွေ အတွက် ကူညီထောက်ပံ့မှု ပရဟိတအလုပ်တွေကို လုပ်ဆောင်နေတဲ့ ပရိတ်သတ်အချစ်တော် တစ်ယောက်ပဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝေကတော့ ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ချစ်သူလေးရဲ့ မွေးနေ့အတွက် မွေးနေ့ဆုမွန်ကောင်းတွေ တောင်းပေးခဲ့ပါတယ်။ ခိုင်နှင်းဝေကတော့

“Happy Birthday .ဒီထက်မက မိဘကို လုပ်ကျွေးနိုင်သော သာသနာပြုနိုင်သော ခုနှစ်ရက်သားသမီးများအား စောင့်ရှောက်နိုင်သော သူ ဖြစ်ပါစေ” ဆိုပြီး မွေးနေ့ဆုတောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝေရဲ့ ချစ်သူကတော့ အမြဲတမ်းလိုလို ပါရမီဖြည့်ဖက်ကောင်းတစ်ယောက် အနေနဲ့ ခိုင်နှင်းဝေရဲ့ ပရဟိတအလုပ်တွေမှာ ဝိုင်းဝန်းကူညီလုပ်ကိုင် ပေးနေခဲ့တာကြောင့်

ပရိသတ်တွေရဲ့ အချစ်တွေကို လက်ခံရရှိထားသူပဲ ဖြစ်ပါတယ်။ Happy Birthday ပါ အကိုရေ မခိုင်နှင်းဝေ နဲ့အတူ အေးချမ်းသာယာတဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ပြီး အခုထက်လည်း

ပရဟိတအလုပ်တွေကို အမ နဲ့အတူတူလုပ်ကိုင်နိုင်ပါစေ လို့ မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးတွေလည်း ကိုဇင်မြင့်အောင်အတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြပါဦးနော်။

Be the first to comment

Leave a comment

Your email address will not be published.


*