ချစ်သူဖြစ်ပြီး (၂) လအတွင်းမှာ မြန်မြန်ဆန်ဆန် လက်ထပ်ခဲ့ကြတာ ခုဆိုရင် အိမ်ထောင်သက် (၆) နှစ်ပြည့်လာခဲ့ပြီ ဆိုပြီး အမှတ်တရ ပြောလာတဲ့ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်း

ချစ်စရာကောင်းတဲ့ မျက်နှာပိုင်ရှင်လေး သဉ္ဇာနွယ်ဝင်းကတော့ တချိန်က ဗီဒီယိုဇာတ်ကားတွေနဲ့ ကြော်ငြာတွေများစွာမှာ နေရာယူနိုင်ခဲ့သူလေး ဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းဟာ အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို

လုံးဝစွန့်လွှတ်ခဲ့ပြီး သူမရဲ့ မိသားစုဘဝလေးကို အချိန်ပေး ဂရုစိုက်နေတာပဲ ဖြစ်ပါတယ်။ သာယာပြီး ပြီးပြည့်စုံတဲ့ မိသားစုဘဝကို တည်ဆောက်ထားတဲ့ သဉ္ဇာနွယ်ဝင်းဟာ မနေ့က နိုဝင်ဘာလ (၂၇) ရက်နေ့မှာတော့ သူမရဲ့ ခင်ပွန်းနဲ့

ချစ်သူသက်တမ်း (၆) နှစ်ပြည့်ခဲ့ပြီလို့ ဆိုလာပါတယ်။ သဉ္ဇာနွယ်ဝင်းတို့ ဇနီးမောင်နှံဟာ ချစ်သူသက်တမ်း (၂) လအတွင်း မြန်မြန်ဆန်ဆန်လက်ထပ်ခဲ့ပေမယ့် အခုဆိုရင် သားတွေ သမီးတွေနဲ့ အိမ်ထောင်ဟာလည်း

သာယာအေးချမ်းလျက် ရှိနေကြောင်း ပြောလာပါတယ်။ သဉ္ဇာနွယ်ဝင်းက “လွန်ခဲ့တဲ့ (၆) နှစ်က မိန်းမတို့ ဒီအချိန် ဘန်ကောက်မှာပစ္စည်းတွေ လာဝယ်တယ်မလား ဆိုတော့ နိုဝင်ဘာ (၂၇) မှ စတွေ့တာလေတဲ့😁… လွန်ခဲ့တဲ့ (၆) နှစ်က

ဒီနေ့လေးမှာ စတွေ့ပြီး (၂) လ အတွင်း လက်ထပ်ဖြစ်တဲ့ အတွဲပေါ့..” ဆိုပြီး ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းတို့ ဇနီးမောင်နှံကတော့ ချစ်သူတွေ ဖြစ်ပြီး (၂) လအတွင်းမှာ လက်ထပ်ခဲ့ကြပေမယ့် အခုဆိုရင် သာယာအေးချမ်းတဲ့

မိသားစုဘဝလေးကို တည်ဆောက်နိုင်ခဲ့တာ (၆) နှစ်တိုင်ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းတို့ ဇနီးမောင်နှံနှစ်ယောက် နောက်နှစ်ပေါင်းများစွာတိုင် အခုလိုပဲ ထာဝရ ချစ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။