ချစ်သူကိုယ်တိုင် ဒီဇိုင်းဆွဲပြီး အလှဆင်ထားတဲ့ အိမ်သစ်တက်ပွဲလေးအကြောင်း ပြောပြလာတဲ့ သရုပ်ဆောင် မြတ်သူသူ

ပရိတ်သတ်ကြီးရေ သရုပ်ဆောင် မြတ်သူသူကတော့ အနုပညာလောကမှာလဲ အောင်မြင်နေပြီး အချစ်ရေးမှာလဲ ပရိတ်သတ်တွေ အားကျရတဲ့ Relationship တစ်ခုကို

ပိုင်ဆိုင်ထားတာပါနော်။ မြတ်သူတို့ စုံတွဲလေးကတော့ မကြာခင်လက်ထပ်ကြတော့မှာ ဖြစ်ပြီး နှစ်ယောက်အတူနေဖို့ အိမ်သစ်လေးတောင် ဆောက်လုပ်ပြီးသွားပြီပဲ ဖြစ်ပါတယ်။

ချစ်သူလေး ကိုယ်တိုင် အလှဆင်ထားတဲ့ အိမ်လေးပဲ ဖြစ်ပါတယ်။ “အိမ်တစ်အိမ်လုံးမှာ မြတ်သူက ဘုရားခန်းလေးကိုတော့ အိမ်ထဲကို ဝင်လိုက်တာနဲ့ တန်းပြီး မြင်ရပြီး

စိတ်ချမ်းသာစရာလေး ဖြစ်ချင်တယ် လို့ အစ်ကို့ကိုပြောပြတယ်… ကျန်တဲ့ တစ်အိမ်လုံးကိုတော့ မြတ်သူရဲ့ချစ်သူက ဒီဇိုင်းဆွဲပြီးတော့ အကုန်ပြန်လုပ်ထားတာပါ… မြတ်သူတို့

နှစ်ယောက်ပေါင်းပြီး ဆောက်လုပ်ရေးနဲ့ အိမ်တွင်းအလှဆင်တဲ့ ကုမ္ပဏီလေးလည်း စလုပ်နေပါပြီ…” ဆိုပြီးလဲ ပြောပြလာခဲ့ပါတယ်နော်။