ချစ်ရတဲ့သူနဲ့ လက်ထပ်တော့မယ်လို့ ပရိတ်သတ်တွေကို တရားဝင် ပြောကြားလိုက်တဲ့ သရုပ်ဆောင် မေပန်းချီ

ပရိတ်သတ်ကြီးရေ သရုပ်ဆောင် မေပန်းချီကတော့ အမိုက်စား ဘော်ဒီနဲ့ ဆွဲဆောင်မှုအပြည့်ရှိပြီး ပုရိသတွေရဲ့အသည်းစွဲ အားပေးမှုကို ရရှိထားတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့

သရုပ်ဆောင် မေပန်းချီက အနုပညာလုပ်ငန်းတွေအပြင် စိန်ရွှေရတနာ live sale တွေမှာလည်း သူမတူအောင် အောင်မြင်မှုတွေ ရရှိနေတာလည်းဖြစ်ပါတယ်။ ဒီနေ့မှာတော့ မေပန်းချီက

အိမ်ထောင်ပြုတော့မယ့် အကြောင်းကို ပရိတ်သတ်ကို ပြောပြလာတာပဲ ဖြစ်ပါတယ်။ မေပန်းချီက “ပန်းချီက အိမ်ထောင်ပြုရမယ့် အရွယ်လည်း ရောက်နေပြီဆိုတော့ သိပ်မကြာတော့ပါဘူး…

လက်တွဲထားတဲ့ သူကလည်း သာမန် ဝန်ထမ်းတစ်ယောက်ဘဲ… ကိုယ် သုည ဖြစ်တဲ့အချိန်မှာ ကိုယ့်ဘေးမှာ သူတစ်ယောက်ဘဲ ကျန်ခဲ့တယ်… မိတ်ဆွေကနေ ချစ်သူဖြစ်တာပေါ့နော်…

သူက COVID အဖြစ်ခံပြီးတော့တောင် ပန်းချီတို့ တစ်မိသားစုလုံးကို စောင့်ရှောက်ခဲ့တယ်… မိဘကလည်း သူ့မေတ္တာကို မျက်ဝါးထင်ထင် မြင်ပြီးမှ ခေါင်းချသွားခဲ့တာ ဆိုတော့ သူ့ကို

ယုံကြည်တယ်… တန်ဖိုးလည်းထားတယ်…” ဆိုပြီးတော့ ပြောပြလာတာပဲ ဖြစ်ပါတယ်နော်။