ချစ်တဲ့ ပရိတ်သတ်ကြီးကို သူမရဲ့ အိပ်ယာလေးကို တအားလွမ်းတာပဲ လို့ လွမ်းလွမ်းဆွတ်ဆွတ် ပြောလာတဲ့ အဆိုတော်မလေး “ပိုပို”

အဆိုတော် ပိုပိုကတော့ သီချင်းတွေကို ကိုယ်တိုင် ရေး၊ ကိုယ်တိုင်သီဆိုတတ်သူ တစ်ယောက်အဖြစ်နဲ့ ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူ ဖြစ်ပါတယ်။ ပိုပိုဟာ အနုပညာမှာလည်း ထူးချွန်သူ တစ်ယောက်ဖြစ်ပြီး

အမှန်တရားကိုလည်း ရဲရဲဝံ့ဝံ့ ရပ်တည်ရဲတာကြောင့် ပရိတ်သတ်တွေက သူရဲကောင်းမလေး ဆိုပြီး ခေါ်ဝေါ်ကြတာပဲ ဖြစ်ပါတယ်။ ပိုပိုဟာ ပြီးခဲ့တဲ့ (၂၀၂၁) ခုနှစ်ကတည်းက နိုင်ငံရေးလှုပ်ရှားမှုနဲ့

ဖမ်းဆီးအကျဉ်းချခံခဲ့ရပြီး ထောင်ဒဏ် (၃) နှစ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။ မနေ့က အောက်တိုဘာလ (၂၈) ရက်နေ့မှာတော့ ပိုပိုဟာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာခဲ့ပြီပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ပိုပိုက သူမကိုလွမ်းနေကြတဲ့ ပရိတ်သတ်တွေ အတွက် သူမရဲ့လက်ရှိပုံလေးကို မျှဝေကာ “အိမ်ကို လာချစ်ခြင်းတွေ ပေးသောတူ တူမလေးတွေ နဲ့ 👩‍👧‍👦 အားလုံးရဲ့ ချစ်ခြင်းမေတ္တာများကြောင့် အိမ်ကို ပြန်ရောက်ပါပြီရှင်..

လွမ်းနေခဲ့ပါတယ်..” ဆိုပြီး ပရိတ်သတ်တွေကို လွမ်းနေတယ်လို့ ပြောလာတာပဲ ဖြစ်ပါတယ်။ ပိုပိုကတော့ အပြုံးပန်းတွေဝေဆာပြီး ပရိတ်သတ်တွေ ရှေ့မှောက်ကို

ပြန်လည် ရောက်ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။ အများကြီး ပင်ပန်းခဲ့ရတဲ့ ပိုပိုတစ်ယောက် ကောင်းကောင်းအနားယူပြီး ပျော်ရွှင်စရာနေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်နော်။