ယခင်က MRTV-4 ရုပ်သံလိုင်းမှာ အစီအစဉ်တင်ဆက်သူ တစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့တဲ့ မိန်းမချောလေး ခိုင်ချိုဝင်းကို ပရိတ်သတ်ကြီးအားလုံးမှတ်မိကြမယ် ထင်ပါတယ်။
ခိုင်ချိုဝင်းဟာ နောက်ပိုင်းမှာတော့ မီဒီယာတစ်ခုရဲ့ အစီအစဉ်တင်ဆက်သူ တစ်ယောက်အဖြစ် ဆက်လက်ဆောင်ရွက်ခဲ့တာပဲ ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးတဲ့နောက် အလုပ်တွေ
အားလုံးကို ရပ်နားခဲ့တဲ့ ခိုင်ချိုဟာ ဒီကနေ့မှာတော့ သူမရဲ့သမီးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီလို့ ပြောလာပါတယ်။ ခိုင်ချိုဝင်းက “💖မေမေခိုင့်အတွက် Christmas လက်ဆောင်
Nova လေး..💖” ဆိုပြီး သူမရဲ့ သမီးလေးနဲ့ ပုံရိပ်လေးကို ပရိသတ်တွေဆီ ဝေမျှလာခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ ခိုင်ချိုလေးကတော့ အခုဆိုရင် သူမနဲ့ တစ်ထေရာတည်း တူတဲ့
သမီးချောလေးကို ပိုင်ဆိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ခိုင်ချိုတို့သားအမိနှစ်ယောက်စလုံး ကျန်းကျန်းမာမာရှိနေပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်နော်။