ချစ်သုဝေတို့ မိသားစုလေးကတော့ အခုချိန်မှာတော့ လွတ်မြောက်နယ်မြေတစ်ခုကို ရောက်ရှိနေတာပါ။ နွေဦးတော်လှန်ရေး အစကတည်းကနေ ယနေ့အချိန်ထိ တော်လှန်ရေးအတွက်
ပါဝင်နေတာပါ။ အခက်အခဲတွေ များစွာကိုလည်း ရင်ဆိုင်ကြုံတွေ့နေရတာပါ။ သူတို့ မိသားစုလေးဟာ တစ်ချိန်က ပျော်ရွှင်စရာကောင်းနေခဲ့တာပါ။ ချစ်စရာကောင်းတဲ့ သမီးလေး
နှစ်ယောက်ကြောင့်လည်း ပိုပြီး သာယာနေခဲ့တာပါ။ ပရိတ်သတ်တွေကလည်း သမီးလေးတွေကို လွမ်းနေကြတာပါ။ လူမှုကွန်ရက်ကနေတော့ တစ်ခါတစ်ရံ ပုံရိပ်လေးတွေ video လေး တွေကို
တင်လေ့ရှိတာပါ။ အခုမှာတော့ ငွေကြေး သိပ်မသုံးရပဲ ကိုယ်တိုင်လုပ်ထားတဲ့ ခရစ္စမတ်သစ်ပင်လေးကို ပြလိုက်တာပါ။ ကိုယ်တိုင် ဘယ်လိုကြိုးစားရလဲဆိုတာ ပုံလေးကို ကြည့်ပြီး ချစ်ပေးကြပါဦးနော်။