ခင်ပွန်းဖြစ်သူ ဦးအောင်ခိုင်ရဲ့ မွေးနေ့မှာ ချစ်ခြင်းမေတ္တာအပြည့်နဲ့ မွေးနေ့ဆုမွန်ကောင်း တောင်းပေးလာတဲ့ ဇာတ်ပို့သရုပ်ဆောင် ဝါဝါအောင်

ပရိသတ်ကြီးရေ လူကြမ်းသရုပ်ဆောင် တစ်ယောက်အဖြစ်ရော ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက် အနေနဲ့ပါ အနုပညာလောကမှာရပ်တည်နေတဲ့ ဦးအောင်ခိုင်ကိုတော့

ပရိတ်သတ်တွေကို အထူးတလည် မိတ်ဆက်ပေးစရာကို မလိုတဲ့သူပါ။ ဒီနေ့ နိုဝင်ဘာလ (၁၀) ရက် နေ့လေးကတော့ ဦးအောင်ခိုင်ရဲ့ မွေးနေ့ကျရောက်တဲ့ နေ့ပဲ ဖြစ်ပါတယ်။

ဦးအောင်ခိုင်ရဲ့ မွေးနေ့အတွက်ကိုတော့ သူ့ရဲ့ ဇနီးသည်ဖြစ်သူ ဝါရင့် ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့ ဝါဝါအောင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ

မွေးနေ့ဆုမွန်ကောင်း တောင်းပေးထားခဲ့ပါသေးတယ်နော်။ “Happy birthday ပါ အကို… အသက်ရှည်ကျန်းမာပါစေ 10.11.2022…” ဆိုပြီး စုံတွဲပုံလေးကိုပါ မျှဝေ ထားခဲ့ပါသေးတယ်။

ဦးအောင်ခိုင်ရဲ့ မွေးနေ့အတွက်ကိုတော့ ချစ်ကြတဲ့ ပရိတ်သတ်တွေနဲ့ အနုပညာရှင် ညီအစ်ကို မောင်နှမတွေက မွေးနေ့ဆုမွန်ကောင်းတွေ

အသီးသီး ဆုတောင်းပေးနေခဲ့ကြပါသေးတယ်။ ပရိတ်သတ်ကြီးကလည်း ဦးအောင်ခိုင်အတွက် မွေးနေ့ဆုတောင်းလေးတွေ ပေးခဲ့ကြပါဦးနော်။