ကွယ်လွန်သွားပြီဖြစ်တဲ့ မိဘနှစ်ပါးကို သတိရစိတ် ထိန်းမရလို့ ညဘက်ကြီးသွားပြီး သီချင်းလေးတွေ ဆိုညီးပြမိခဲ့တဲ့ မိဘမဲ့သမီးလေး အိုင်းရင်းဇင်မာမြင့်

အိုင်းရင်းဇင်မာမြင့်ကတော့ Melody World သီချင်းဆိုပြိုင်ပွဲကနေ အောင်မြင်တဲ့ အဆိုတော်တစ်ယောက် ဖြစ်လာခဲ့ပြီး လက်ရှိမှာ ဂီတလောကထဲ နာမည်ကြီးပြီး လူကြိုက်များတဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်နော်။

အိုင်းရင်းဇင်မာမြင့်ဟာ ငယ်စဉ်ကလေးဘဝကတည်းက ဖခင်ကို ဆုံးရှုံးလိုက်ရပြီး ပြီးခဲ့တဲ့နှစ်ကလည်း သူမရဲ့ မိခင်ကို ဆုံးရှုံးလိုက်ရတာမို့ အခုအချိန်မှာ မိဘမဲ့တစ်ယောက် ဖြစ်သွားခဲ့ရပြီလို့ ဝမ်းနည်းစွာဆိုနိုင်ပါတယ်။

အဖေရော အမေရော မရှိတဲ့အပြင် ကိုယ်ပိုင်မိသားစုလည်း မရှိသေးတဲ့ အိုင်းရင်းဇင်မာမြင့်ဟာ နေ့စဉ်နဲ့ အမျှ သူမရဲ့ မိဘတွေကို သတိရတမ်းတနေရှာတာပဲ ဖြစ်ပါတယ်။ မနေ့က နိုဝင်ဘာလ (၂) ရက်နေ့မှာလည်း

အိုင်းရင်းဇင်မာမြင့်က “All Souls Day သတိရတယ် ဖေဖေနဲ့ မေမေ” ဆိုပြီး သူမရဲ့ ဖေဖေနဲ့ မေမေ အုတ်ဂူတွေဆီ ညဘက်ကြီးသွားပြီး သတိတရနဲ့ ဆီမီး၊ အမွှေးတိုင်တွေထွန်းကာ သီချင်းတွေ ဆိုပြနေခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

အိုင်းရင်းဇင်မာမြင့်ကတော့ အဖေ၊ အမေနဲ့ ပတ်သက်ပြီး တော်တော်လေး ခံစားချက်ပြင်းထန်သူတစ်ယောက် ဖြစ်ပါတယ်။ ပရိတ်သတ်ကြီးလည်း အိုင်းရင်းဇင်မာမြင့်ရဲ့ ဗီဒီယိုလေးကို ကြည့်ပြီး စိတ်မကောင်း ဝမ်းနည်းမှုလေးတွေ ဖြစ်သွားကြမယ်လို့ ထင်မိပါတယ်။