ကွမ်းယာ ရောင်းနေရာကနေ နာမည်ကြီး အဆိုတော်တစ်ယောက် ဖြစ်လာခဲ့ရလို့ ဘဝမမေ့အောင် ရောင်းခဲ့ဖူးတဲ့ ကွမ်းယာဆိုင်လေးကို မဖျက်ပဲ ထားခဲ့တဲ့ အဆိုတော် သာဒီးလူ

အဆိုတော် သာဒီးလူကတော့ အမိုက်စား အသံပါဝါတွေ နဲ့အတူ ပရိတ်သတ်များကို ဆွဲဆောင်ထားပြီး အကောင်းဆုံးသော တေးသီချင်းများကို ဖျော်ဖြေတင်ဆက်ထားကာ

ပရိတ်သတ်များရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝ ရရှိထားတဲ့ အဆိုတော်ကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်နော်။ အခုတစ်ခါမှာဆိုရင် အဆိုတော် သာဒီးလူက

ကွမ်းယာသည်ဘဝကနေ နာမည်ကြီးအဆိုတော်တစ်ယောက် ဖြစ်လာတဲ့အကြောင်းကို အခုလို ပြောလာခဲ့ပါတယ်နော်။ အဆိုတော် သာဒီးလူက “အသက် (၁၇) လူပျိုပေါက် အရွယ်မှာ

ကွမ်းယာဆိုင် စဖွင့်ခဲ့တယ်… ပြည့်တန်ဆာသီချင်း၊ ရန်သူတော် ခြောက်ပါး သီချင်းတွေကို ကွမ်းယာ ရောင်းရင်း ရေးခဲ့တာပါ… ကျနော့် ဘဝ ရဲ့ အမှတ်တရ ကွမ်းယာဆိုင်လေးကို

အခုအချိန်အထိ မဖျက်ဘဲ ဒီအတိုင်း ထားထားပါတယ်….” ဆိုပြီးတော့ ပြောပြလာခဲ့ပါတယ်နော်။