ကြွေလွင့်သွားတဲ့ ဗိုက်ထဲက ကလေးလေးရဲ့ ဖခင် အမှန်ရဲ့ အကြောင်းကို ရင်ဖွင့်ပြောပြလာတဲ့ မော်ဒယ် ဖူးပွင့်ခိုင်

ကျွန်မ ကိုယ်ဝန်ပျက်ကျတာ မဟုပ်ပါဘူး။ ကိုယ်ဝန် ဖျက်ချတာလည်း မဟုပ်ပါဘူး။ သားအိမ်လမ်းကြောင်းမှာ ခလေးမတည့်ပဲ ခလေးက သားအိမ်အပြင်ဘက်မှာရောက်နေခြင်း ဖြစ်ပါတယ်ရှင်။ အသိစောလိုပဲဖြစ်ဖြစ် အသိနောက်ကျလို့ပဲဖြစ်ဖြစ် ကျွန်မ ခလေးဟာ ဘယ်လိုနည်းနဲ့မှ အသက်မရှင်ပါဘူး။

သားအိမ် အပြင်ဘက်မှာ ခလေးတည့်ခြင်းက ခလေးကြီးထွားလာခဲ့ရင် ဗိုက်အတွင်းသားတွင် ခလေးကပေါက်ထွက်သွားမှာ ဖြစ်ပါတယ်။ အသိနောက်ကျခဲ့ရင် မိခင်ဟာ 100% မှာ 80%နူန်းက အသက်ဆုံးရူံးကြတာ များပါတယ်ရှင်။ ကျွန်မ ကိုယ်ဝန်က တာဝန်ယူသူမရှိဘူးလားလို့မေးကြတဲ့အပေါ်မှာ !! ကျွန်မသည် ကျွန်မကောင်လေးနှင့်

နှစ်ဖက်မိဘ သဘောတူလက်ထပဖို့အထိ စီစဉ်ထားကြတဲ့သူတွေပါရှင်။ မိဘများကလည်း မကြာခင် လက်ထပ်ကြတော့မှာ ဖြစ်၍ ကလေးယူဖို့ တိုက်တွန်းကြပါတယ်ရှင်။ ကျွန်မတို့နှစ်ယောက်ဟာ ချစ်ခင်ကြပြီး တစ်ယောက်ကိုတစ်ယောက် မျက်စိအောက်ကတောင် အပျောက်မခံတဲ့ ချစ်သူတွေ ဖြစ်ကြပါတယ်ရှင်။

တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ဂရုစိုက်ဖေးမရင်း ခလေးယူဖို့ထိ ဆုံးဖြက်ခဲ့ကြတဲ့သူတွေ ဖြစ်ကြပါတယ်။ အခြေအနေတခုထိ ရောက်လာခဲ့တော့ ကောင်လေးဘက်က မိန်းမနဲ့ ခလေးရှိခဲ့ကြောင်း တရားဝင်ကွာရှင်းထားတဲ့ သူရှိကြောင်း ကျွန်မကို အချိန်တွေ လွန်ခဲ့ပြီးမှ ဖွင့်ပြောခဲ့ပါတယ်။ အချိန်တွေဟာ

အရမ်းနောက်ကျခဲ့ပါပြီ။ ယုံကြည်မူ မရှိပဲ ဘယ်လိုလုပ် လက်တွဲကြမလဲဆိုတဲ့ စိတ်ကညီမဆီ ဝင်လာပါတယ်။ အစကတည်းက လက်တွဲခဲ့တုန်းက သူ့ဘက်က ပွင့်ပွင့်လင်းလင်းပြောပြခဲ့သင့်တယ်ထင်ပါတယ်။ ကျွန်မ ဒီအဖြစ်အပျက်ကြီးကို လျော့ရပြီး ကျွန်မ လက်မခံပဲ နှစ်ဦးသဘောတူ လမ်းခွဲပြက်စဲခဲ့ပါတယ်။

လမ်းခွဲပြက်စဲတဲ့ အချိန်မှာလည်း ကောင်းခြင်းနဲ့ လမ်းခွဲခဲ့ပါရှင်။ နားလည်မူနဲ့ လမ်းခွဲခဲ့တာပါရှင်။ သူ့နဲ့ကိုယ် လက်တွဲခဲ့စဉ်မှာလည်း နှစ်ယောက်လုံးက သစ္စာရှိရှိ လက်တွဲလာခဲ့ကြတာပါ။ အခုချိန်မှာ ကျွန်မဟာတစ်ယောက်ထဲ ရပ်တည်နေရတဲ့အချိန်မှာ ကျွန်မအလုပ်တွေပဲ ပိုကြိုးစားနေခဲ့မိပါတယ်။ အလုပ်မှာပဲ အရမ်းအာယုံစိတ်ခဲ့မိပါတယ်။

ကျွန်မအဖေဟာ ကျန်းမာရေး လုံးလုံးမကောင်းတဲ့ လေဖြက်ထားတဲ့ အသက် (60) ကျော် ဖေအိုကြီးဖြစ်လို့ကျွန်မ သူကို့ ကောင်းကောင်းမွန်မွန်လေး တိုက်လေးနဲ့ ထားပေးချင်ခဲ့တာပါ။ ကျွန်မဟာ မိသားစုထဲမှာ အငယ်ဆုံးဖြစ်ပြီး အဖေ့အတွက် ရတနာကောင်းလေးပါ။ ကျွန်မ (12) နှစ်သမီးအရွယ်ကတည်းက ရရာအလုပ်ကို

လုပ်ပြီး အခုချိန်ထိ အဖေကိုကျွေးမွေးပြုခဲ့တာပါ။ အဖေဘဝမှာ ညီမပဲ ရှိတာမို့ သူ့ကိုမြင်ခွင့်ရတုန်းလေး ကျွန်မ ဖြည့်စည်းပေးချင်တာပါ။ အခု ခလေးကိစ္စမှာလည်း ကိုယ်တိုင်ကည်း ရာသီသွေး မမှန်တဲ့သူမို့ ကျွန််မရဲ့ ပေါ့ဆမူတွေလည်း ပါခဲ့ပါတယ်။ ခလေးလေးသာ ကျွန်မဘဝထဲ အသက်ရှင်ခဲ့ရင် ကျွန်မ ဘယ်လိုဘဝမျိုး နဲ့မဆို

ကျွန်မ မွေးနိင်ပါတယ်။ ကျွန်မ အကောင်းဆုံး ပျိုးထောင်ပေးမှာပါ။ မိခင်ကောင်း တစ်ယောက်အဖြစ် ကျွန်မပီသစေရမှာပါ။ ကျွန်မလည်း ဖြစ်ဖြစ်ခြင်း တကယ့်ကို လျော့ရခဲ့ပါတယ်။ အခုထိလည်း ကျွန်မ ဒဏ်ရာတွေဟာ မပျောက်သေးပါဘူး။ ဖြစ်ဖြစ် ပြီးခြင်းကတည်းက ကျွန််မဟာ အသက်ဆက်ရှင်နေမှန်းတောင်

ကျွန်မ မသိခဲ့ပါဘူး။ အရမ်း ပင်ပန်းခဲ့ရပါတယ်။ မိခင်တိုင်းကိုလည်း ကိုယ်ခြင်းစာပါတယ်ရှင်။ သတင်းကြားကြားခြင်း ကျွန်မ သက်ဆိုင်သူဟာ ကျွန်မကို ဖုန်းဆက်လာပါတယ်။ တာဝန်ယူဖို့လည်း ပြောပါတယ်ရှင်။ ကျွန်မ တစ်ကိုယ်ကောင်းဆန်တဲ့ မိန်းမသားတစ်ယောက် မဟုပ်ပါဘူး။ အခုချိန်မှာ

သူ့မှာ သူနဲ့သက်ဆိုင်သူ သူချစ်ရတဲ့ မိန်းခလေးရှိနေပြီမို့ သူ့တာဝန်ယူမူကို ကျွန်မ လက်မခံခဲ့ပါဘူး။ ခလေးကြောင့်မို့ တာဝန်ယူရတာပါ ဆိုတဲ့ အသနားစာလည်း ကျွန်မ မလိုချင်ပါဘူး။ ကျွန်မဘဝ ကျွန်မပဲ ပိုင်တာမို့ မည်သူ့တစ်ဦးတစ်ယောက်ရဲ့အားနာလို့ တာဝန်ယူမူ တာဝန်ခံမူမျိုးလည်း ကျွန်မ မလိုချင်ပါဘူးရှင်။

ဒါကြောင့်မို့ ညီမအခုချိန်မှာပြိုလဲနေလည်းပဲ ညီမ ပြန်ရှင်သန်မှာပါ။ အကောင်းဆုံး ရပ်တည်ခြင်းမျိုးနဲ့ အလှအပဆုံးအပြုံးနဲ့ ကျွန်မ ပြန်နိုးထလာမှာပါ .. 🍂 ကြွေလွင့်သွားတဲ့ ခလေးလေးရေ.. နောက်တစ်ခေါက် မေမေ့ သမီး / သားလေး အဖြစ်ပြန်လာခဲ့ပါနော်။ LOVE YOU MY BABY 👼❤️‍ကျေးဇူးပါရှင် 🙏 ပြောမှားဆိုမှားရှိခဲ့ရင်ခွင့်လွတ်ပါရှင်…