ကြိုးစားမှုရလဒ်ကြောင့် တစ်လအတွင်း ပေါင် (၂၀) အထိ ဝိတ်ချနိုင်ခဲ့ကြောင်း ပြောပြလာခဲ့တဲ့ အဆိုတော် အေသင်ချိုဆွေ

အဆိုတော်မလေး တစ်ယောက်လည်း ဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ အေသင်ချိုဆွေကိုတော့ ပရိတ်သတ်ကြီးအားလုံးအတွက် မိတ်ဆက်ပေးဖို့ လိုမယ်မထင်ပါဘူးနော်။ အေသင်ချိုဆွေဟာ ရုပ်ရည်ချောမောသူ

ဖြစ်ပေမယ့် ပြီးခဲ့တဲ့နှစ်တွေမှာတော့ ခန္ဓာကိုယ်အလေးချိန်တွေ အရမ်းများလာခဲ့တာကြောင့် အဝလွန်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီကနေ့မှာတော့ အေသင်ချိုဆွေက တစ်လအတွင်း ပေါင် (၂၀) အထိ

ဝိတ်ချနိုင်ခဲ့ကြောင်း အခုလိုပဲ ပြောပြလာခဲ့ပါတယ်။ အေသင်ချိုဆွေက “Thanks God Lost 20lb in a month. On my Way to lose another 55lbs. Fighting Athen. Edit Tips- တနေ့ (၃) နပ်မှာ (၂) နပ်ကို ဌက်ပျောသီးတလုံးနဲ့

skimmed milk တခွက်သောက်ပါတယ်… တနပ်ကိုတော့ အသားနဲ့ထမင်း စားပါတယ်.. တနေ့ကို Work out (၁) နာရီ ရအောင်လုပ်ပါတယ်… cardio- 30mins, other workout -30mins , တပတ်ကို (၆) ရက်ဆော့ပါတယ်…

Fat burn Powder နဲ့ Fat burn pills ပုံမှန်သောက်ပါတယ်… ကိုယ်သတ်မှတ်ထားတဲ့ Target ရောက်မှ အသေးစိတ်ကို blog နဲ့ တကွ သေချာရှင်းပြပေးပါ့မယ်.. (အချိန်ရရင်ပေါ့နော်.. တင်ကိုတင်ပေးမယ် ဆိုတဲ့ ကတိတော့ မပေးနိုင်ပါဘူး)”

ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေလာခဲ့ပါတယ်။ အေသင်ချိုဆွေကတော့ တစ်လအတွင်း ပေါင် (၂၀) ကျအောင် ချနိုင်ခဲ့ပြီး နောက်ထပ်လည်း ပေါင် (၅၅) ပေါင် ထပ်ချဦးမှာ ဖြစ်တယ်လို့ ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

အေသင်တစ်ယောက် ပိုလည်းလှလာခဲ့ပြီး ပိုပြီးကျန်းမာလာဖို့ပဲ ရှိပါတော့တယ်နော်။