မနေ့ညက ကျင်းပခဲ့တဲ့ Miss Universe 2022 ပွဲကြီးမှာတော့ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး အလှမယ် ဇာလီမိုးက ဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်။ ဇာလီမိုးဟာ ဆိုရင် ပြီးခဲ့တဲ့ Miss Universe Myanmar ရဲ့ winner လည်း ဖြစ်ပါတယ်။
မနေ့ညက အမေရိကန်မှာ ကျင်းပခဲ့တဲ့ အဲ့ဒီပွဲမှာတော့ အမျိုးသားဝတ်စုံ (National Costume) တွေကိုယှဥ်ပြိုင်ခဲ့ကြပြီး ဇာလီမိုး ဟာဆိုရင်လည်း မြန်မာကို ကိုယ်စားပြုတဲ့ ဝတ်စုံနဲ့ ယှဥ်ပြိုင်ခဲ့ပါတယ်။ ဝတ်စုံဟာဆိုရင်တော့
ကြာပွင့်နဲ့ ကြာချည်ရက်လုပ်နေတဲ့ မြန်မာအမျိုးသမီးလေးရဲ့ အလှတရားကို ဖော်ကျုးပြသထားတာ ဖြစ်ပါတယ်။ အဆိုပါ National Costume ရဲ့ဒီဇိုင်နာကတော့ “သဲစန္ဒီဦး“ ပဲဖြစ်ပါတယ်။ စင်မြင့်ပေါ်မှာ မြန်မာထမီလေး
ဝတ်ဆင်ပြီး ကြာချည်ရက်လုပ်နေပုံဟာ နိုင်ငံတကာအလယ်မှာ မြန်မာတွေရဲ့ ကြွယ်ဝတဲ့ ယဥ်ကျေးမှုနဲ့ အနုပညာကို ဖော်ပြထားတာ ဖြစ်ပါတယ်။ ကြာချည်ဟာ ဆိုရင် ကမ္ဘာမှာ ရှားပါးပြီးတန်ဖိုးကြီးတဲ့ ချည်တစ်မျိုးဖြစ်ပြီး
(၁၉) ရာစုနှောင်းပိုင်းက အင်းလေးဒေသက ဒေါ်ကြာဥ ဆိုတဲ့ အမျိုးသမီးကြီးတစ်ဦးက တီထွင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ ဗီယက်နမ်နိုင်ငံက သူတို့တီထွင်သယောင် ဈေးကွက်ထဲမှာ သတင်းမှား ဖြန့်ချီမှုတွေ
ရှိလာတာကြောင့် Miss Universe Myanmar 2022 ဇာလီမိုး အနေနဲ့ ကမ္ဘာအလယ်မှာ မြန်မာကို ကိုယ်စာပြုပြီး မြန်မာ့ယဥ်ကျေးမှုကို ဖော်ပြခဲ့တာ ဖြစ်တယ် လို့ သိရပါတယ်နော်။
Be the first to comment