ကျော်ဇာဟိန်းနဲ့ သားအဖအရင်းလို့ ထင်နေကြတဲ့ ပရိတ်သတ်တွေကို သူ့ရဲ့ ပြင်ပဘဝက တကယ့် ဖခင်အစစ်ရဲ့ အမိုက်စား ပုံတွေကို ပြသလာတဲ့ သရုပ်ဆောင် မာန်ဟိန်း

MRTV 4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသ ပြီးသွားပြီ ဖြစ်တဲ့ “ဝိပါက” ဇာတ်လမ်းတွဲကတော့ လူကြီးလူငယ်တိုင်း ကြိုက်နှစ်သက်ကြတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ ပါဝင်ကြတဲ့ သရုပ်ဆောင် တစ်ယောက်ချင်းစီတိုင်းကလည်း

မိမိတို့ရဲ့ ဇာတ်ကောင်ကာရိုက်တာကို အကောင်းဆုံး သရုပ်ဆောင်နိုင်တာကြောင့် ပရိတ်သတ်တွေက သရုပ်ဆောင်တစ်ဦးချင်းစီကို မှတ်မိနေကြတာပဲ ဖြစ်ပါတယ်။ “ဝိပါက” ဇာတ်လမ်းတွဲဟာ ဇာတ်လမ်းဇာတ်အိမ် တောင့်တင်းခိုင်မာမှုနဲ့

ဒါရိုက်တာရဲ့ ရိုက်ချက်ကောင်းတွေ၊ သရုပ်ဆောင်တွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် အောင်မြင်မှု ရရှိခဲ့ပြီး ဇာတ်သိမ်းသွားပြီးနောက်ပိုင်းထိအောင် ပရိတ်သတ်တွေရဲ့ အားပေးမှုကို ဆက်လက်ရရှိနေဆဲပဲ ဖြစ်ပါတယ်။

“ကျော်စွာ” အဖြစ် သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် မာန်ဟိန်းကလည်း သူ့အနေနဲ့ “ဝိပါက” ဇာတ်လမ်းတွဲပြီးတဲ့နောက် ပရိတ်သတ်စိတ်ဝင်စားမှုတွေ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့ဒီအတွက် မာန်ဟိန်းက သူ့အကြောင်းကို

စိတ်ဝင်စားနေတဲ့ ပရိတ်သတ်တွေက သူနဲ့ သရုပ်ဆောင် ကျော်ဇောဟိန်းတို့ကို အပြင်မှာ တကယ့် သားအဖရင်းလို့ ထင်နေကြသူတွေကို သူ့ရဲ့ပြင်ပဘဝက ဖခင်ရင်းနဲ့ ဓာတ်ပုံလေးကို ပြသလာခဲ့တာပဲ ဖြစ်ပါတယ်။ မာန်ဟိန်းက

“ကိုကျော်ဇောဟိန်းက ကျွန်တော့် အဖေ မဟုတ်ပါဘူး… ကျွန်တော့် ပြင်ပဘဝ အဖေ အစစ်က ဒီမှာပါ….” ဆိုပြီး သူတို့သားအဖနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ပြသလာခဲ့တာပဲ ဖြစ်ပါတယ်။ မာန်ဟိန်းကတော့ ယောကျာ်းဆန်ပြီး

မိမိုက်နေတဲ့ပုံစံကို သူ့ရဲ့ဖခင်ဆီကနေ အမွေရရှိခဲ့တယ် ဆိုတာ ယုံမှားဖွယ် မရှိပါဘူး။ မာန်ဟိန်းရဲ့ ဖေဖေကလည်း မင်းသားတွေအရှုံးပေးရလောက်အောင်ကို စတိုင်လ် အမူအယာက တကယ့်ကို အမိုက်စားပါပဲနော်။