ပရိသတ်ကြီးရေ ဟန်နာယူရီကတော့ Beauty Blogger တစ်ယောက် အနေနဲ့ ပရိတ်သတ်တွေရဲ့ ချစ်ခင်မှုကိ အပြည့်အဝ ရရှိထားတဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။
လက်ရှိမှာတော့ တောင်ကိုရီးယားနိုင်ငံမှာ နေထိုင်လျှက်ရှိပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေခဲ့ပါတယ်။ ဟန်နာယူရီကတော့ မြန်မာနိုင်ငံမှာသာမက လက်ရှိနေထိုင်တဲ့
ကိုရီယားနိုင်ငံမှာလည်း မော်ဒယ်လ် အနုပညာရှင်တစ်ယောက်အနေနဲ့ အောင်မြင်မှုတွေ စတင်ရရှိနေခဲ့ပြီပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း နောက်ထပ် အောင်မြင်မှုတစ်ခု အနေနဲ့
ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်း အဆိုတော် သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့ IU နဲ့ အတူတွဲဖက်ပြီး New Balance ရဲ့ Collection မှာ ကြော်ငြာ model အနေနဲ့
ဟန်နာယူရီက ပါဝင်ခွင့်ရခဲ့ပါတယ်။ Congratulations ပါ ဟန်နာယူရီရေ….. နောက်ထပ်လည်း ဒီထက်မက ပိုမိုပြီး အောင်မြင်မှုတွေရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ပရိတ်သတ်ကြီးရေ မြန်မာလူမျိုးတစ်ယောက် အနေနဲ့ ကိုရီးယားရဲ့ ထိပ်တန်း အဆိုတော်သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့ IU နဲ့ အနုပညာအလုပ်တွေ တွဲလုပ်ခွင့်ရတာဟာ တကယ့်ကို ဂုဏ်ယူစရာပါပဲနော်။