ပရိတ်သတ်တွေ ချစ်ကြတဲ့ အနုပညာရှင်စုံတွဲလေး ဖြစ်တဲ့ ဇာဏ်ခီနဲ့ ခရစ်စတီးနားခီတို့ဟာ ချစ်စရာကောင်းတဲ့ သားလေးနဲ့ ပျော်ရွှင်ဖွယ် မိသားစုလေးကို တည်ဆောက်ထားကြတာ ဖြစ်ပါတယ်။ တူညီတဲ့ အနုပညာလမ်းခရီးကို
လျှောက်လှမ်းနေကြတဲ့ ဇာဏ်ခီနဲ့ ခရစ်စတီးနားခီတို့ဟာ တစ်ယောက်ကိုတစ်ယောက် နားလည်မှုတွေ အပြည့်နဲ့ သစ္စာရှိကြတဲ့ စံပြအိမ်ထောင်သည်တွေ အဖြစ် ပရိတ်သတ်တွေကလဲ သတ်မှတ်ပေးထားကြပါတယ်။ လတ်တလောမှာ ZKCK
ဆိုတဲ့ ကိုယ်ပိုင် အမှတ်တံဆိပ်နဲ့ အင်္ကျီတွေ ထုပ်လုပ်ရောင်းချနေလျက် ရှိတဲ့ ဇာဏ်ခီနဲ့ ခရစ္စတီးနားခီက ဒီကနေ့မှာလည်း သူတို့ရဲ့ အင်္ကျီအသစ်အတွက် ကြော်ငြာဓာတ်ပုံတွေ ရိုက်ကူးပေးနေလျက် ရှိတာပဲ ဖြစ်ပါတယ်။
ဇာဏ်ခီကတော့ သူတို့ရဲ့ အင်္ကျီကြော်ငြာအတွက် မော်ဒယ်လ်လုပ်ပေးခဲ့သလို ခရစ္စတီးနားခီက ဓာတ်ပုံရိုက်ခဲ့ကာ ဇနီးမောင်နှံနှစ်ယောက် တက်ညီလက်ညီ အလုပ်တွေ လုပ်ခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။ ဇာဏ်ခီနဲ့
ခရစ္စတီးနားခီတို့ကတော့ ZKCK ဆိုတဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ အင်္ကျီတွေထုပ်လုပ်ရောင်းချနေတာပဲ ဖြစ်ပါတယ်။ ပရိတ်သတ်ကြီးလည်း ဇာဏ်ခီတို့ရဲ့ ကြော်ငြာပုံရိပ်လေးတွေကို စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ပေးကြပါဦးနော်။