ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ဘဝသင်ခန်းစာတွေကို ညီမငယ်လေးတွေ သိရှိ ဆင်ခြင်ဖို့ ရေးလာတဲ့ ခွန်းဆင့်နေခြည်ရဲ့ “ညီမငယ်သို့ ပေးတဲ့စာ”

“ညီမငယ်လေးရေ ••• အမကြီးအမိရာ ဖြစ်လို့ အဝေးရောက်နေတဲ့အတွက် ဒီကနေ ဆုံးမစာပို့လိုက်တယ်နော် ••• အရေပြားတစ်ထောက်စာ အလှအပဆိုတာ ဆယ်စုနှစ် (၂) စုစာ ကျော်သွားတာနဲ့ အရည်ပျော်လွှင့်ပျောက်သွားမှာ ဖြစ်တယ်။ ဦးနှောက်နဲ့စိတ်စွမ်းအား ပညာအရည်အချင်းနဲ့ အစွမ်းအစ ဒါတွေကသာ

သေသည်အထိရာသက်ပန် ကိုယ်နဲ့တည်ရှိနေမှာ ဖြစ်တယ်။ ပညာအရည်အချင်း နဲ့ အစွမ်းအစတွေ နည်းပါးခဲ့လို့ အိုခါမှ ခြေမကိုင်မိလက်မကိုင်မိ မဖြစ်ရလေအောင် ငယ်စဉ်ကတည်းက ဉာဏ်မှီစွာနဲ့ ကိုယ့်အနာဂတ်ကိုကြိုမြင်ရမယ်။ ဟိုလိုလို ဒီလိုလို လုပ်နေရင် ဘယ်မှာလည်း ကိုယ့်အနာဂတ်… ဟိုလိုလိုဒီလိုလိုနဲ့ပဲ အချိန်တန်ရင်

အရည်ပျော် လွှင့်ပျောက်သွားမှာပဲ။ မျက်တောင်မွှေးတဆုံး ကြည့်တတ်ရုံနဲ့ ဘဝကမလှပနိုင်ဘူး။ မျက်စိတဆုံးထက် သာလွန်အောင်ကြည့်တတ်တဲ့ အရည်အသွေးတွေကိုလည်း ပြုစုပျိုးထောင်နိုင်ရမယ် ••• သူများယောင်လို့ လိုက်မယောင်မိစေနဲ့။ ကိုယ့် Focus ကိုယ် ထိထိမိမိရောက်အောင်သွား ကိုယ်ဘာဖြစ်ချင်လဲ ကိုယ်သိနေရမယ်။

ဖြစ်ချင်တာနဲ့​ ဖြစ်သင့်တာကို ခွဲခြားသိပြီး ဖြစ်သင့်တာကို ဦးစားပေးရမယ်။ ကိုယ့်အား ကိုယ်ကိုးရမယ်… ကိုယ့်ရှိမှ ကိုယ့်ဟာဖြစ်တယ်။ ကောင်းသောဖက်မှာ အဖြစ်ရှိဖို့လည်းလိုတယ်။ ဘုရားတောင် အမှီရှိမှပွင့်နိုင်တာမို့.. လူဆိုတာလည်းအမှီကောင်းမှ အမြင့်ရောက်နိုင်မယ်။ ကိုယ်မှီရမဲ့သူကို သေချာရွှေးတတ်ရမယ်။

တွေ့ရာလူကိုဆရာမတင်နဲ့… ဆရာရွှေးမှားတာနဲ့ ကိုယ့်ဘဝကမြောင်းထဲ ရောက်သွားနိုင်တယ်။ အခွင့်အရေးဆိုတာ (၂) ခါ ရသူရှားပါးတယ်။ ဒါ့ကြောင့် ကံတရား မျက်နှာသာပေးလာတဲ့အချိန် ကိုယ်ရလာတဲ့အခွင့်အရေးကို မိမိရရ ဆုတ်ကိုင်နိုင်မိဖို့ လိုတယ်။ လူရည်လည်ရမယ်.. လူလည်မကျရဘူး… ဂွင်ကျော် ကွက်ကျော်ပြီး

သူများအထိနာအောင် ခြေထိုးခံမိသူမျိုး မဖြစ်စေနဲ့။ မိမိကြောင့် သူတပါးတွေရဲ့ အိမ်ထောင်ရေးကို မပျက်ဆီးစေနဲ့။ သူများစီးပွားရေးကို ဒုတ်နဲ့မထိုးမိစေနဲ့.. ကိုယ်အဆင်ပြေဖို့အတွက် သူများကိုချမနင်းမိစေနဲ့.. ကိုယ့်အလှည့်ကျရင် ဆင်အကောင်တစ်သိန်း တက်နင်းခံရသလို ပြားပြားဝပ်နေအောင် ပြန်အနင်းခံရလိမ့်မယ်။

စကားပြောတဲ့အခါ လိမ်မာပါးနပ်ပြီး အထူအပါး နားလည်ရမယ်။ အရိပ်ပြရင်အကောင် မြင်တတ်ရမယ်။ တစ်ထွာပြရင် တစ်လန် မြင်တာမျိုးမဟုတ်ပဲ အလန်တသိန်းလောက် မြင်အောင်ကြည့်တတ်ရမယ်။ လူတိုင်းနဲ့အဆင်ပြေအောင် နေဖို့လိုအပ်ပေမဲ့ လူတိုင်းနဲ့အဆင်ပြေဖို့ ဆိုတာလည်း မလွယ်ကူနိုင်တဲ့အတွက်

ကိုယ်နဲ့အဆင်မပြေဘူးလို့ ထင်ရသူတွေအတွက် စိတ်ဆင်းရဲမခံနဲ့။ Forget about it အဆင်မပြေ ကီးမကိုက်သူတွေအတွက်အချိန်ကုန်မခံနဲ့။ သူတို့တွေရဲ့အဝေးဆုံးမှာနေလိုက်ပါ… ကံတရားက 20 % ဇွဲ လုံ့လ ဝီရိယ က 80 % ဖြစ်လို့ ကံကိုပုံမချမိပါစေနဲ့.. ဉာဏ်သုံးပါ ••• ဉာဏ်သုံးတတ်ဖို့ကလည်း ပညာအရည်အချင်းနဲ့

ဗဟုသုတတွေ အတွေ့အကြုံတွေ လိုအပ်ပါတယ်။ ဒါ့ကြောင့် အရည်အချင်းနဲ့အစွမ်းအစတွေ တိုးပွားအောင် ကြိုးစားပါ။ သိပ်တုံးအပြမနေပါနဲ့။ တုံးအလွန်းရင် အဖြစ်မရှိသူ ဆိုပြီး လူတွေကကိုယ့်ကို ဘေးဖယ်ထားတာ ခံရလိမ့်မယ်။ သူတပါးကို မထိခိုက်စေပဲ လူရည်လည်သင့်သလောက် လည်ရမယ်။ အလည်လွန်လွန်းရင်တော့

ဘာတဲ့ “အလည်လွန်တဲ့ဘီး ချီးသင့်” ဆိုတဲ့ စကားပုံ ရှိတယ်မလား။ ဒါ့ကြောင့် သတိလေးထားပြီး လူရည်လည်အောင်ကြိုးစားပါ။ ကိုယ်သိ ကိုယ်တတ် မလုပ်ရဘူး.. “မကြီး” ကမ္ဘာပေါ်က နိုင်ငံတော်တော်များများရောက်ခဲ့ဖူးတယ်။ ကိုယ်မသိတာတွေ လောကမှာ အများကြီးရှိနေသေးတယ်။ ဒါ့ကြောင့် လေ့လာပါ၊ သင်ယူပါ၊

ဝါးလုံးခေါင်းထဲလသာမနေပါနဲ့။ မမြင်ဖူး မူးမြစ်ထင်ပြီး ဘာမဟုတ်တာနဲ့ မသာယာမိပါစေနဲ့။ ကိုယ့်တန်ဖိုးက နှိုင်းစလို့မရလောက်အောင် ကြီးမားတယ်ဆိုတာ သိထားပါ။ ခုခေတ်ကြီးထဲမှာ ကမ္ဘာကြီးရဲ့အပြင်ဘက်ထိ လေ့လာလို့ရနေပါပြီ လေ့လာပါ ••• အချစ်ရေးလား ဒါက This is not main issue in your life,

it’s just a part of your life. အချစ်ရေး အိမ်ထောင်ရေး မှာလည်း သူ့ကိုရိုးသားစွာ ကိုးကွယ်ချင်တယ်ဆိုရင်တော့ ကိုယ့် “Partner” ကိုယ့် “Spouse” ရဲ့ လှည့်စားမှုတချို့ကို ခံနိုင်ရည်ရှိအောင်တော့ကြိုးစားထားပါ။ အစွမ်းအစနဲ့ စဉ်းစားတွေးခေါ်နိုင်မှု အားနည်းရင်တော့ အချိန်တန်ရင် ရိုးအလွန်းသူကြီး ဆိုပြီး

ကိုယ့်ကိုခေါက်သွားနိုင်ဖွယ်ရှိတယ်။ ရယ်စရာတစ်ခု ပြောပြရအုံးမယ် “မကြီးကတော့ ကိုယ့် Ex relationship တွေကို ကိုယ်နဲ့ရေရှည် မဖြစ်နိုင်မှန်းသိလို့ ကိုယ်ကချည်း ခေါက်ပြစ်ခဲ့လိုက်တာ” ရည်စားနဲ့ကွဲတိုင်း အိမ်ထောင်ကွဲတိုင်း ယောင်္ကျားလေးဘက်က ခေါက်ခဲ့တယ်ချည်းပဲ ထင်နေကြတဲ့ ဉာဏ်တိမ်သူတချို့ကိုတော့

နားလည်ပေးနိုင်ရမယ် ညီမငယ်လေးရေ ••• နောက် အချိန်ရမှ ထပ်ဆုံးမပေးတော့မယ်နော် ☀️ အဝေးတနေရာမှာ ရောက်နေရပြီး မအားလပ်လို့ အချိန်ပြည့် ထိတွေ့မှုလျော့နည်းခဲ့ရပေမဲ့ အချိန်လုပြီး စာရေးဆုံးမထားတာလေးတွေကို ကျွန်မ ညီမငယ်နဲ့ အရွယ်တူညီမလေးများလည်းဖတ်လို့ရအောင် Sodia Media Platform ကတဆင့် တင်ပေးလိုက်ပါတယ်နော် ••• Life is so magical, mysterious, magnificent, and peaceful….”

Be the first to comment

Leave a comment

Your email address will not be published.


*