ကိုယ့်နိုင်ငံမှာ မနေပဲ သူများနိုင်ငံမှာ မနေချင်ပဲ နေ နေရတဲ့အကြောင်းကို ရှင်းပြလာတဲ့ ခွန်းဆင့်နေခြည်

“မြန်မာပြည်မှာ မွေးပြီး မြန်မာပြည်မှာ ကြီးပြင်းခဲ့တယ် ကိုယ့်နိုင်ငံပဲ ကိုယ်ချစ်တယ်.. နေချင်တာက ကိုယ့်မွေးဖွားရာ ကိုယ့်နိုင်ငံမှာသာ နေချင်ခဲ့တာပါ.. နိုင်ငံရပ်ခြားဒေသ တော်တော်များများ ရောက်ခဲ့ဖူးပေမဲ့ အခြေချနေထိုင်ဖို့ တခါမှ စိတ်ကူးမယဉ်ခဲ့ဖူးဘူး..

ခုတော့လည်း တိုင်းတပါးမှာ နေထိုင်ဖို့ ဖန်တီးပေးလိုက်တဲ့ ကျွန်မရဲ့ကံကြမ္မာကြောင့် မရည်ရွယ်ပါပဲနဲ့ အခု သူများနိုင်ငံမှာ အခြေချနေထိုင်နေရပါပြီ ••• မတူတာတွေနဲ့ သာလွန်ကောင်းမွန်တာတွေကို နေထိုင်ရင်းနဲ့ သိလာရတာတွေက မနည်းမနောပါပဲ•••

အမေရိကန်နိုင်ငံမှာ နေနေတဲ့ အချိန် (၂) နှစ်နီးပါးအတွင်း ကိုယ်နဲ့ တခါမှ မရင်းနှီးခဲ့ဖူးသေးတဲ့ စနစ်တွေ စည်းမျဉ်းစည်းကမ်း ဥပဒေတွေက တစ်မျိုးပြီးတစ်မျိုး မရိုးရဘူးကွဲ့… အတော်လေးတော့အများသား ကြိုးစားလေ့လာရင်းနဲ့ ခုဆို ကျွန်မ အမေရိကန်ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ အတော်လေးရင်းနှီးလာခဲ့ပြီ…

တစ်ချက် အမှားမလုပ်နဲ့ လုံးဝမရဘူး ••• ဘယ်အရာမဆို အထာမသိသေးရင်တော့ တခါတလေ အမှားလုပ်မိနိုင်ကြတာပဲလေ ••• ဒါပေမဲ့ မမှားအောင် သတိတွေအရမ်းထားရတော့ Stress တွေ ဖြစ်ရတယ်.. စိတ်မျိုးစုံ စရိုက်မျိုးစုံ ရှိကြတဲ့ နိုင်ငံပေါင်းစုံက အကြောင်းအမျိုးမျိုးနဲ့ လာရောက်နေထိုင်ကြတဲ့

လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံက လူတွေကို System တွေ Rules and regulation တွေနဲ့ အကောင်းဘက်ကို ဆွဲခေါ်ပြီး ထိန်းကျောင်းပြုပြင်သွားတာ တကယ့်ကို အံ့မခန်းပါပဲ ••• အခြေခံလူတန်းစားတွေ ထမင်းငတ်နေရင် အလုပ်အကိုင် မရှိသေးဘူး ဆိုရင်လည်း နိုင်ငံတော်က အပြည့်အဝ ထောက်ပံ့ပေးတယ်…

ဒုက္ခမရောက်ဘူး… ကလေးမွေးထားရင်လည်း ကလေးအတွက် ပူစရာတခုမှမရှိဘူး… ကျောင်းအလကားတက်ရတယ်.. မွေးကတည်းက ကလေးရော အမေ​ရောအတွက် ပူစရာမရှိအောင်ကို နိုင်ငံတော်က ထောက်ပံ့ပေးတယ်…

Single Mom တွေလည်း ဒုက္ခရောက်ဖို့မရှိဘူး.. ကလေးနဲ့ခွေးက နံပါတ် (၁) ပဲ.. အိုး… ပြောရင် အများကြီး ကျန်သေးတယ်.. နောက်မှ VDO Clip လေးလုပ်ပြီးပြောပြတော့မယ်နော်••• ခုတော့ ကျွန်မနားလည်ခဲ့ပါပြီ •••” ဆိုပြီး ရှင်းပြလာခဲ့ပါတယ်နော်။

Be the first to comment

Leave a comment

Your email address will not be published.


*