ပရိတ်သတ်ကြီးရေ သရုပ်ဆောင် နန်းစန္ဒာလှထွန်းကတော့ ဇာတ်လမ်းတွဲတွေ ကနေ လူသိများလာပြီး ကျရာဇာတ်ရုပ်မှာ ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်မှုတွေကြောင့်
အောင်မြင်မှုတွေ ရရှိထားတဲ့ ထိပ်တန်းမင်းသမီး တစ်လက်လည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ သရုပ်ဆောင် နန်းစန္ဒာလှထွန်းက အနုပညာအလုပ်တွေကို ဆက်တိုက် လုပ်နေရပြီး
ကြော်ငြာတွေနဲ့ ဇာတ်လမ်းတွဲတွေလည်း ရိုတ်ကူးနေရတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ နန်းစန္ဒာလှထွန်းက ကမ္ဘာကျော် Brand တစ်ခုဖြစ်တဲ့ CHANEL နဲ့ပါ ကြော်ငြာတွေ
ရိုတ်ကူးနေရတဲ့ အထိ အောင်မြင်နေတဲ့ မော်ဒယ် မေမြတ်နိုးကို ဂုဏ်ယူကြောင်းပြောလာတာပဲ ဖြစ်ပါတယ်။ နန်းစန္ဒာလှထွန်းက “ဝမ်းသာလိုက်တာ အဲ့လိုတွေမြင်ရတာ.. ဒီမှာလည်း
တစ်ကယ်ကြိုးစားပြီး talented ဖြစ်တဲ့သူတွေ အဲ့လိုလုပ်နိုင်ရင် သိပ်ကောင်းမှာပဲ.. ကြိုးစားတိုင်း ဖြစ်ခွင့်သာရရင်….” ဆိုပြီး ပြောပြလာတာလည်း ဖြစ်ပါတယ်နော်။