သာမာန် လူတစ်ယောက် အခြေအနေကနေ သရုပ်ဆောင်နဲ့ မော်ဒယ်လ် စမိုင်းလ်ကတော့ ထိပ်တန်းအဆင့်မှီ သူဌေးတစ်ယောက်အဖြစ်ကို အချိန်အတိုင်းအတာ တစ်ခုအတွင်း ရောက်ရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။
စမိုင်းလ်ဟာ အခုဆိုရင် အမေရိကန်နိုင်ငံမှာပဲ မိသားစုနဲ့ အခြေချ နေထိုင်နေလျက်ရှိပြီး ဒေါ်လာသန်းချီတန်တဲ့ ဇိမ်ခံအိမ်ကြီးတစ်လုံးကိုလည်း ဝယ်ယူထားတာပဲ ဖြစ်ပါတယ်။ အမေရိကန်သူဌေးတစ်ယောက်လို သုံးစွဲနိုင်တဲ့
စမိုင်းလ်ဟာ ဒီကနေ့မှာလည်း ပိုက်ဆံတွေ အကုန်အကျခံပြီး နေအိမ်ကနေ မထစတမ်း ဈေးဝယ်ထွက်ခဲ့တဲ့ ပုံရိပ်ကို မျှဝေလာပါတယ်။ စမိုင်းလ်က ကမ္ဘာကျော်အမှတ်တံဆိပ် LV ကို သူမအိမ်အထိ သီးသန့်ဈေးလာရောင်းစေခဲ့ပြီး
သူမတို့ တစ်မိသားစုလုံးစာအတွက် LV အဝတ်အစား၊ အသုံးအဆောင်တွေ ဝယ်ယူခဲ့သလို သူမမွေးထားတဲ့ ခွေးလေးတွေအတွက်ပါ LV လည်ပတ်ကြိုးနဲ့ အသုံးအဆောင်တွေ ဝယ်ယူခဲ့တာပဲ ဖြစ်ပါတယ်။
LV အမှတ်တံဆိပ် ဆိုတာကတော့ အားလုံးလည်း သိပြီးသားအတိုင်း အင်မတန်ဈေးကြီးပြီး မြန်မာဆယ်လီတွေအနေနဲ့ LV အမှတ်ဆံဆိပ်တွေ အသုံးပြုတယ်
ဆိုရင်တောင် တစ်လုံးတစ်လေလောက်သာ ဝယ်ယူကြပေမယ့် စမိုင်းလ်ကတော့ ခေါင်းအစ ခြေအဆုံးစာအတွက်ကို ဝယ်ယူခဲ့တာပဲ ဖြစ်ပါတယ်။